Saturday 16 June 2012

photoshop နဲ့ wallpaperလုပ်တဲ့ လုပ်နည်းလေးပါ

***ပထမဦးဆုံးအနေနဲ့ အခုလို ကိုယ်နှစ်သက်ရာပုံလေးတစ်ပုံကို Photoshop ထဲကိုထည့်လိုက်ပါ။



 ***ပုံမှာပြထားတဲ့အတိုင်း quick selection tool လေးနဲ့ select လုပ်လိုက်ပါ။




 ***အဲဒီလို select လုပ်ပီးတာနဲ့ ပုံမှာပြထားတဲ့အတိုင်း Refine Edge ကိုနှိပ်လိုက်ပါ။




 ***အဲဒီ Tool ကိုနှိပ်လိုက်ရင် အခုလိုပုံလေးပေါ်လာလိမ့်မယ်။






***ပုံမှာပြထားတဲ့အတိုင်း ရွေးချယ်ပီးပီးဆိုရင် ဖြတ်တဲ့နေရာတွေမှာ ပိုနေတာလေးတွေ တွေ့ရပါလိမ့်မယ်။ အဝါရောင်နဲ့ ပြထားပါတယ်။ အဲလို ပိုနေတာလေးတွေကို အနီဝိုင်းလေးနဲ့ပြထားတဲ့ tool လေးနဲ့ ဖျက်ပါမယ်။





မဖျက်ခင် ပုံမှာပြထားတဲ့အတိုင်း ဖြည့်လိုက်ပါ။ ပြီးရင် ပုံမှာပိုနေတာလေးတွေကို ဖျက်လိုက်ပါ။ ဖျက်ပီးရင်တော့ ok ပေးလိုက်ပါ



Ok ပေးပြီးလို့ ပုံမှာပိုနေတာလေးတွေ ဖျက်စရာလေးတွေ ကျန်နေသေးတယ်ဆိုရင်တော့ အနီနဲ့ပြထားတဲ့ Eraser Tool လေးနဲ့ထပ်ပီးဖျက်လိုက်ပါ။






ဖျက်လို့ပီးသွားရင်တော့ save ပါမယ်။ save တဲ့အခါ ပုံမှာပြထားသလို file name နေရာမှာတော့ ကိုယ်ကြိုက်သလို ပေးလိုက်ပါ။ fomat  မှာတော့ အနီနဲ့ပြထားသလိုပြောင်းပီး save လိုက်ပါ။




 

Save လို့ပီးသွားရင်တော့ နောက်ခံ background အနေနဲ့ နှစ်သက်ရာ ပုံလေးတစ်ပုံကို file>open ကနေ ရွေးပီး အခုလို ထည့်လိုက်ပါ။







အဲဒီနောက်ခံ background ပုံပေါ်မှာ ခုနားကစိတ်ကြိုက်ဖျက်ထားတဲ့ ပုံလေးကိုထည့်ဖို့အတွက် ပုံမှာပြထားသလို file>place ကိုသွားလိုက်ပါ။







ဖျက်ပီးသိမ်းထားတဲ့ file ကိုရွေးပီး Place လုပ်လိုက်ပါ။ နားမလည်ရင်အောက်က ပုံကိုကြည့်လိုက်ပါ။







Place နှိပ်လိုက်ရင် အခုလိုပုံလေးပေါ်လာလိမ့်မယ် မိမိလိုချင်တဲ့နေရာကို mouse လေးနဲ့ရွေ့ပီးထားလိုက်ပါ။








 ဖျက်ထားတဲ့ ပုံလေးတွေကို အခုလို ကိုယ်ကြိုက်တဲ့နေရာလေးတွေမှာ ထားလိုက်ပါ။





ပုံတွေကိုစိတ်ကြိုက်နေရာ ထားပီးပီဆိုရင်၊ပုံကိုနောက်ခံ background ထဲမှာမြုပ်ပီးပြန်ဖော်မှာဖြစ်ပါတယ်။
မိမိဖျောက်ချင်တဲ့ပုံရဲ့ layer ကို click လိုက်ပါ။ နားမလည်ရင် ကျနော် 1,2,3, နဲ့ပြထားပါတယ်။
*** 1 လို့ပြထားတဲ့ ပုံရဲ့ layer အပေါ်မှာ click  လိုက်ပါ။
*** ပီးရင် 2 လို့ပြထားတဲ့ add layer mask ကို click လိုက်ပါ။
*** 3 လို့ပြထားတဲ့ color နေရာမှာ ပုံမှာပြထားသလို အဖြူရောင်ကိုပြောင်းလိုက်ပါ။
*** ပီးရင် Ctrl+Delete ကိုနှိပ်လိုက်ပါ။  (1,2,3 ပီးရင် Ctrl+Dele)



Ctrl+Delete ကိုနှိပ်လိုက်ရင် ပုံလေးက လက်ရှိနေရာကနေ ပုံမှာပြထားသလိုပျောက်သွားပါလိမ့်မယ်။







အဲဒီပျောက်သွားတဲ့ ပုံလေးကိုပြန်ပေါ်အောင်ဖော်ဖို့အတွက် အောက်မှာပြထားတဲ့အတိုင်း brush tool လေးကိုရွေးလိုက်ပါ။







Brush tool ကိုရွေးပီး ခုနားကပျောက်သွားတဲ့ နေရာလေးမှာ လိုက်ပီးပြန်ဖော်လိုက်ပါ။
လိုချင်သလောက်ပြန်ဖော်လို့ရပါတယ်။






အားလုံးပီးသွားရင်တော့ save လိုက်ပေါ့ဗျာ။ ကဲ  ဒီလောက်ဆိုရင် လုပ်တတ်လိမ့်မယ်လို့ထင်ပါတယ် ကျနော်လည်း နောက်ထပ်မလုပ်တတ်တော့ဘူး ။









4 comments:

  1. လေ့လာသွားတယ်နော်

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်

    ReplyDelete
  3. လာလည်သွားတယ် အကို

    ReplyDelete
  4. လာလည်သွားသည် တကာတော်ရေ့ ကျေးဇူးတင်ပါသည် မသိတာလေးတွေ လေ့လာလိုက်ရပါတယ် ဆက်လက် တင်ဆက်နိုင်ပါစေဗျာ ကျန်းမာပါစေသား

    ReplyDelete

စာဖတ်သူရဲ့ Thank ဆိုသော စကားတစ်ခွန်းသည် နောက်ထပ်ပို့စ် တစ်ခုရေးရန်အတွက် အားဆေးတစ်ခွက် ဖြစ်ပါသည် .. ခင်မင်လေးစားစွာဖြင့် ..လေလွင့်နေသူ