လေလွင့်နေသူ ဘလော့သို့ အလည်ရောက်ရှိလာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday 28 July 2012

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်


ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်၌ အင်တာနက် အသုံးပြုနိုင်တော့မည်

ငါးရာ့ငါးဆယ်အနှစ်ချုပ်

ငါးရာ့ငါးဆယ်အနှစ်ချုပ်(ဥိးအောင်ညွှန့်ဝင်း)

လောကနီတိ-အင်္ဂလိပ်-မြန်မာ

လောကနီတိ-အင်္ဂလိပ်-မြန်မာ
laylwintnaythurkt.blogspot.com -ရတနာပုံမှ ရတနာဂီရိသို့

Friday 20 July 2012

မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြလိုက်ရင် တပုံကြီးပါလာတယ်


@@@ကိုယ့်ချစ်သူရဲ့ ဓါတ်ပုံလေးကို ခုလိုမျက်စိမှိတ်ပြတဲ့ ပုံလေးလုပ်ကြည့်ကြမယ်@@@


*** အရင်ဆုံး Photoshop CS တစ်ခုခုကိုဖွင့်လိုက်ပါ။ ကျနော်ကတော့ CS5 နဲ့လုပ်ပြသွားပါမယ်။
     မိမိလုပ်ချင်တဲ့ ပုံတစ်ပုံကို File > Open ကနေ အခုလိုယူလိုက်ပါ။ (Ctrl+O) ကိုနှိပ်ရင်လည်းရပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း (သမိုင်းဝင် မိန့်ခွန်း)

၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် မြို့တော်ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောကြားနေစဉ် ဦးနုနှင့်အတူ တွေ့ရသည်

စစ်မဖြစ်မှီကရန်ကုန်မြို့မြေပုံ

အဲဒီတုံးကလမ်းအခေါ်အဝေါ်တွေကိုလေ့လာနိုင်ပါတယ်။ပုံမှာမြင်ရတဲ့ရန်ကုန်ဗဟိုအကျဉ်းထောင်ကြီးကိုတော့ယခုအခါမှာ ပြည်လမ်းကနှစ်ပိုင်းပိုင်းကာ ဂျပန်ဆေးရုံကြီးဖြစ်နေပါပြီ


1945 မြို့တော်ခန်းမရှေ့ အင်္ဂလိပ်တပ်များရန်ကုန်ကိုပြန်သိမ်းပိုက်အပြီး။

1945 မြို့တော်ခန်းမရှေ့ အင်္ဂလိပ်တပ်များရန်ကုန်ကိုပြန်သိမ်းပိုက်အပြီး။
မြို့တော်ခမ်းမရှေ့တွင် အောင်ပွဲခံလေယာဉ်များနှင့်အတူရန်ကုန်မြို့ခံများအားတွေ့ရစဉ်။ပုံရဲ့ဟိုးအနောက်နားမှာပန်းဆိုးတန်းကကြေးနန်းရုံးကြီးကိုပင်မြင်နိုင်ပါသည်။


၇ ဂျူလိုင် ၁၉၆၂

၇ ဂျူလိုင် ၁၉၆၂ နေဝင်းတပ်များ ကျောင်းသားများအား မသတ်ဖြတ်ခင် တက္ကသိုလ်ဝင်းထရံ ပတ်လည် ရေနုတ်မြောင်းတလျှောက် နေရာယူထားပုံ 

ဂဠုန်ဦးစော ရဲ့တပ်သားများ ချင်းနင်းဝင်ရောက်လာခဲ့ရာလှေကားပုံ။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုပ်ကြံရန် ဂဠုန်ဦးစော ရဲ့တပ်သားများ ချင်းနင်းဝင်ရောက်လာခဲ့ရာလှေကားပုံ။
ဤလှေကားထိပ်မှာပင် အာဇာနည်တဦးဖြစ်တဲ့ ရဲဘော်ကိုထွေး ကျဆုံးခဲ့ရသည်။ မကျဆုံးမီလေးတွင် လုပ်ကြံသူ ရန်ကြီးအောင်နှင့် မှုံကြီးတို့အား "လုပ်ရက်လိုက်တာ သူငယ်ချင်းတို့ရာ" ဟူ၍သာ ပြောသွားနိုင်ရှာသည်။ ဦးရာဇာတ်၏သတ်တော်စောင့်ရဲဘော်ကိုထွေးသည် လုပ်ကြံသူတရားခံများက ခေါင်းဆောင်ကြီးများအားလုပ်ကြံအပြီးဤလှေကားမှပြန်အဆင်း တွင် သေနတ်သံများကြားရ၍လှေကားထိပ်အခန်းတခုတွင်နားနေရာမှ လုပ်ကြံသူများနောက်ကိုပြေးလိုက်သွားရာတွင် အောက်မှနေ၍အပေါ်သို့ပင်ကာ တော်မီဂန်းနှင့်အပစ်ခံလိုက်ရခြင်းဖြစ်သည်။မိမိ၏အသက်ဘေးမှလွတ်မြောက်နိုင်သော်လည်း တာဝန်နှင့်မိမိအသက်ကိုလဲသွားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင် ဇာတိရဲဘော်ကိုထွေးသည် ကျဆုံးချိန်တွင် အသက် ၁၉နှစ်သာရှိသေးသည်။


Thursday 19 July 2012

ဒေါ်ခင်ကြည်၏ နေရာတွင် သရုပ်ဆောင်ရန် (၄) ဦး ပဏာမရွေးချယ်

ဒေါ်ခင်ကြည်၏ နေရာတွင် သရုပ်ဆောင်ရန် (၄) ဦး ပဏာမရွေးချယ် ထားပါသည်။

အာဇာနည်နေ့ ဆွမ်းကပ်လှူဒါန်း

ယနေ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့   အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက် ရေးရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်းကြီးများအား ရည်စူး၍ သံဃာတော်(၃)အား ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူဒါန်းခြင်း၊ သင်္ကန်းကပ်လှူခြင်း၊ အမျှအတန်းပေးဝေခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဗိုလ်ချုပ်ေ အာင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး  အဖွဲ့မှ ဦးမိုးသူ ၊ ဦးမော်လင်း၊ ဦးဇာဂနာ ၊ ဦးအရိုင်း၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ မအိအိခိုင်၊ မထွန်းအိန္ဒြာဗို၊ မကြည်ဖြူသျှင် တို့ စုပေါင်း၍ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။


ပဏာမရွေးချယ် ထားသူ များနှင့် တွေ့ဆုံ

ယနေ့ ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၈ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၇)ဦး ၊ ဒေါ်ခင်ကြည်၏နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၄)ဦး တို့ကို သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ မှ ခေါ်ယူ၍ တွေ့ဆုံ ခဲ့ကြပါသည် ။ နောက်ဆုံး ရွေးချယ်ပွဲကို ၂၀၁၂ခုနှစ် ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ကျင်းပမည် ဖြစ်ပါသည် ။ ရွေးချယ်ပွဲအပြီး နေ့လည် ၁၂ နာရီတွင် ရွေးချယ်ခံသည့် သရုပ်ဆောင်များနှင့် သတင်းစာရှင်းလင်းပွဲ ကို အမှတ် ၁၀၁-ဘီ၊ ဓမ္မစေတီလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း တွင် ကျင်းပပြုလုပ်ပေးမည်ဖြစ်ပါသည် ။


ဇွန် ၁၉ ရက် - Oxford University မှာ ဒေါ်အောင်ဆန်းစုကြည် က သူငယ်ချင်းဟောင်းများ နဲ့ ပြန်လည်တွေ့ဆုံ ခဲ့ရပါတယ်


နေပြည်တော် မြန်မာလွှတ်တော် အဆောက်အအုံ အပြင်မြင်ကွင်း တစ်ခု


၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်


၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဂါရဝပြုစဉ်


၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီးများ

စဉ်     အမည် ရာထူး
ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇)             ၀န်ကြီးချုပ်
သခင်မြ(၁၈၉၇-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
ဦးဘချို(၁၈၉၄-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
ဦးရာဇာတ်(၁၈၉၈-၁၉၄၇) ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန၀န်ကြီး
ဦးဘ၀င်း(၁၉၀၁-၁၉၄၇) ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
မန်းဘခိုင်(၁၉၀၃-၁၉၄၇) စက်မှုလက်မှုနှင့် အလုပ်သမား ၀န်ကြီးဌာန၀န်ကြီး
မိုင်းပွန်စော်ဘွား စ၀်စံထွန်း(၁၉၀၇-၁၉၄၇) အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီး
ဦးအုန်းမောင်(၁၉၁၃-၁၉၄၇) လမ်းပန်းဆက်သွယ်ရေး ဌာနအတွင်းဝန်
ရဲဘော်ကိုထွေး(၁၉၂၉-၁၉၄၇)                    ပညာရေးဝန်ကြီး၏ သက်တော်စောင့်

ကိုးကား။         ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ အတ္ထုပ္ပတ္တိ စာစောင် (၁၉၇၁)၊၂၀ ရာစု မြန်မာ့သမိုင်းကို ပြောပြနေသောနေ့စွဲများ စာအုပ်။

၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့တက်ရောက်လာသော သံရုံးအသီးသီးမှာ သံအမတ်များ ဝင်ရောက်လာစဉ်






မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်းကြပ်စွာစောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်


ဗိုလ်ချုပ်ပြတိုက်တွင် အများပြည်သူကြည့်ရှုရန် ပြသထားသော ဗိုလ်ချုပ်စီးနင်းခဲ့သည့် ကားကို တွေ့ရစဉ်။


Friday 13 July 2012

ဒရမ်

Keyboard နဲ့တီးချင်ရင် အနီရောင်နဲ့ ပြထားတဲ့ နေရာကို Click လိုက်ပါ။အောက်ကပုံ

အောက်ကပုံမှာတီးကြည့်လိုက်ပါ။

Sunday 8 July 2012

Portable Wondershare DVD Slideshow Builder Deluxe v6.1.0.41


သားသား။ ။အစ်ကိုရေ အမှတ်တရ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို သီချင်းလေးနဲ့ Slideshow လေးလုပ် ချင်လို့အစ်ကို့မှာ Slide Show လုပ်တဲ့ ဆော့ဝဲလ်လေးများရှိရင် တင်ပေးပါလားအစ်ကို။

Saturday 7 July 2012

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲပေးပို့နိုင်ပြီ


မလေးရှားနိုင်ငံ May Bank မှ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်သို့ တရားဝင်ငွေလွှဲများ ပေးပို့နိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်လီမိတက်မှ သတင်းရရှိသည်။ မြန်မာအလုပ်သမား အများအပြား လုပ်ကိုင်လျက်ရှိရာ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်သို့ ဇူလိုင် ၂ ရက်မှစတင်ကာ တရားဝင်ငွေလွှဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံမှ ငွေလွှဲပေးပို့လိုသူများအနေဖြင့် အများဆုံးအမေရိကန်ဒေါ်လာ ၃၀၀၀ အထိငွေလွှဲနိုင်ပြီး ငွေလွှဲခနှုန်းထားများမှာ အမေရိကန် ၁ ဒေါ်လာမှ ၅ ဒေါ်လာအထိကို မလေးရှားရင်းဂစ် ၁၅ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၀၀၀ အထိကို မလေးရှားရင်းဂစ် ၁၅ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၀၀၀ အထိကို ရင်းဂစ် ၃၀ နှင့်အမေရိကန်ဒေါ်လာ ၂၀၀၀ မှ ဒေါ်လာ ၃၀၀၀ အထိကို ရင်းဂစ် ၆၀ နှုန်း ဖြင့် ငွေလွှဲခနှုန်းထားများ သတ်မှတ်ထားကြောင်း သိရသည်။ ငွေလွှဲပေးပို့လိုသူများအနေဖြင့် May Bank နှင့် ကမ္ဘောဇဘဏ်တို့တွင် ငွေစာရင်း (Bank Account) ရှိရန် မလိုအပ်ဘဲ မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ် ဘဏ်ခွဲများသို့ လုံခြုံစိတ်ချစွာဖြင့် ငွေလွှဲပေးပို့နိုင်ကြောင်း သိရသည်။ ငွေထုတ်သူများအနေဖြင့်လည်း သက်ဆိုင်ရာ ကမ္ဘောဇဘဏ်များတွင် လွယ်ကူလျင်မြန်စွာဖြင့် ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်လီမိတက်မှ သိရသည်။ ကမ္ဘောဇဘဏ်လီမိတက်သည် ထိုင်းနိုင်ငံရှိ Siam Commercial Bank နှင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။