လေလွင့်နေသူ ဘလော့သို့ အလည်ရောက်ရှိလာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Friday 20 July 2012

ဂဠုန်ဦးစော ရဲ့တပ်သားများ ချင်းနင်းဝင်ရောက်လာခဲ့ရာလှေကားပုံ။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုပ်ကြံရန် ဂဠုန်ဦးစော ရဲ့တပ်သားများ ချင်းနင်းဝင်ရောက်လာခဲ့ရာလှေကားပုံ။
ဤလှေကားထိပ်မှာပင် အာဇာနည်တဦးဖြစ်တဲ့ ရဲဘော်ကိုထွေး ကျဆုံးခဲ့ရသည်။ မကျဆုံးမီလေးတွင် လုပ်ကြံသူ ရန်ကြီးအောင်နှင့် မှုံကြီးတို့အား "လုပ်ရက်လိုက်တာ သူငယ်ချင်းတို့ရာ" ဟူ၍သာ ပြောသွားနိုင်ရှာသည်။ ဦးရာဇာတ်၏သတ်တော်စောင့်ရဲဘော်ကိုထွေးသည် လုပ်ကြံသူတရားခံများက ခေါင်းဆောင်ကြီးများအားလုပ်ကြံအပြီးဤလှေကားမှပြန်အဆင်း တွင် သေနတ်သံများကြားရ၍လှေကားထိပ်အခန်းတခုတွင်နားနေရာမှ လုပ်ကြံသူများနောက်ကိုပြေးလိုက်သွားရာတွင် အောက်မှနေ၍အပေါ်သို့ပင်ကာ တော်မီဂန်းနှင့်အပစ်ခံလိုက်ရခြင်းဖြစ်သည်။မိမိ၏အသက်ဘေးမှလွတ်မြောက်နိုင်သော်လည်း တာဝန်နှင့်မိမိအသက်ကိုလဲသွားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင် ဇာတိရဲဘော်ကိုထွေးသည် ကျဆုံးချိန်တွင် အသက် ၁၉နှစ်သာရှိသေးသည်။


No comments:

Post a Comment

စာဖတ်သူရဲ့ Thank ဆိုသော စကားတစ်ခွန်းသည် နောက်ထပ်ပို့စ် တစ်ခုရေးရန်အတွက် အားဆေးတစ်ခွက် ဖြစ်ပါသည် .. ခင်မင်လေးစားစွာဖြင့် ..လေလွင့်နေသူ