@@@ကိုယ့်ချစ်သူရဲ့ ဓါတ်ပုံလေးကို ခုလိုမျက်စိမှိတ်ပြတဲ့ ပုံလေးလုပ်ကြည့်ကြမယ်@@@
*** အရင်ဆုံး Photoshop CS တစ်ခုခုကိုဖွင့်လိုက်ပါ။
ကျနော်ကတော့ CS5 နဲ့လုပ်ပြသွားပါမယ်။
မိမိလုပ်ချင်တဲ့ ပုံတစ်ပုံကို File >
Open ကနေ အခုလိုယူလိုက်ပါ။ (Ctrl+O) ကိုနှိပ်ရင်လည်းရပါတယ်။
***ပုံမှာပြထားသည့်အတိုင်း
အနီရောင်နဲ့ ပြထားတဲ့ Layer မှ အနက်ရောင်နဲ့ ပြထားတဲ့ Duplicate Layer ကိုယူလိုက်ပါ။
***အခုလို Duplicate
Layer ဘောက်စ် ပေါ်လာရင် Ok လိုက်ပါ။
***ပီးရင်ပုံမှာပြထားသလို
အစိမ်းရောင်နဲ့ ပြထားတဲ့ Filter မှ အနီရောင်နဲ့ ပြထားတဲ့ Liquify ကိုယူလိုက်ပါ။
***ခုလိုတွေ့ရလိမ့်မယ်။
*** တစ်ကယ်လို့ Brush Size ကြီးနေရင် အပြာရောင်နဲ့ ပြထားတဲ့ နေရာမှာ သွားချိန်လိုက်ပါ။
***အနီရောင်နဲ့ပြထားတဲ့ Freeze Mask Tool(F) ကို Click ပြီး မျက်လုံးကိုဝိုင်းလိုက်ပါ။ မိမိဝိုင်းတာ မှားသွားလို့ ပြန်ဖျက်ချင်တယ်ဆိုရင် အစိမ်းရောင်နဲ့ ပြထားတဲ့ Thaw Mask Tool (D) ကို Click ပြီး ခဲဖျက်လိုပြန်ဖျက်လို့ရပါတယ်။
***ပီးရင်အပေါ်ဆုံးမှာရှိတဲ့ အနီရောင်နဲ့ ပြထားတဲ့ Forward Warp Tool (W) ကို Click ပြီးမျက်လုံးကို ဖြည်းဖြည်းချင်း ဆွဲချကျဉ်းလိုက်ပါ။
***မျက်လုံးက မိမိလိုချင်သလို ဖြစ်သွားပီဆိုရင် Ok ပေးလိုက်ပါ။ Ok ပေးပြီးရင် အောက်ကပုံလို တွေ့ရလိမ့်မယ်။
***ပြီးရင်တော့ အနီရောင်နဲ့ ပြထားတဲ့ Window မှ အစိမ်းရောင်နဲ့ ပြထားတဲ့ Animation ကိုအမှန်ခြစ်လိုက်ပါ။ နားမလည်ရင် အောက်ကပုံကိုကြည့်လိုက်ပါ။
***အောက်ကပုံလို Animation Box ကျလာလိမ့်မယ်။
*** Animation Box ကျလာရင် အနီရောင်နဲ့ ပြထားတဲ့ နေရာကို Click ပြီး Make frames from Layers ကိုယူလိုက်ပါ။
***Animation Box ထဲက အနီရောင်နဲ့ ပြထားတဲ့နေရာတွေကို Click ပြီးမိမိလိုချင်တဲ့ အချိန်တွေကိုပေးလိုက်ပါ။ ၀.၅ ဆိုရင် ၀.၅ ပေါ့။ ၀.၂ ဆိုရင် ၀.၂ ပေါ့။ မိမိကြိုက်သလို ထားကြည့်လိုက်ပါ။ ပြီးရင် အနက်ရောင်နဲ့ ပြထားတဲ့ နေရာကို Click ပြီးကြည့်ကြည့်လိုက်ပါ။
*** အားလုံးပြီးပြီဆိုတော့ သိမ်းတော့မယ်။ gif ဖိုင်နဲ့ Save ရမယ်ဆိုတော့ ပုံမှန် Save သလို Save as တို့ Save တို့နဲ့ Save လို့မရပါဘူး။ File မှ Save for Web & Devices.....Alt+Shift+Ctrl+S နဲ့ Save လိုက်ပါ။
***ပုံမှာပြထားသလိုပေါ်လာရင် Save ထပ်ပေးလိုက်ပါ။
***လိုချင်တဲ့ပုံလေး ခုလိုထွက်လာပါပြီ။
လုပ်ကြည့်လိုက်မယ်
ReplyDelete