လေလွင့်နေသူ ဘလော့သို့ အလည်ရောက်ရှိလာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Tuesday 28 August 2012

၂၀၁၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၅ ဘာသာဂုဏ်ထူးဖြင့် မြေပုံမြို့က မောင်မင်းသန်းလွင် ကျရှုံး


လေးဝတီ(ရက္ခိုင်ပြည်သား)။  ။၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပိုင်းရပ်ကွက်မှာ နိန်ထိုင်ရေ မောင်မင်းသန်းလွင်သည် ၅ ဘာသာဂုဏ်ထူး ရကေလေ့ ဘောဂဗေဒ ဘာသာရပ်တွင် ၁၅ မှတ်ဖြင့် စာမေးပွဲကျရှုံးခကြောင်း လေးဝတီ က သတင်းရဟိပါသည်။
မောင်မင်းသန်းလွင်သည် အဖ ဦးစိုးသိန်းနန့် အမိ ဒေါ်စောခင်လှရို့၏ သားဖြိုက်ပြီး အ.ထ.က မြေပုံမြို့တွင် ပညာသင်ကြားခရေ ကျောင်းသားတစ်ယောက် ဖြိုက်ပါသည်။

သူတွင် မွီးချင်းအစ်မ တစ်ယောက် ရှိပြီး သူ့အစ်မ မစောသန်းလှိုင်သည် (မူလတန်းပြ ကျောင်းဆရာမ) ဖြစ်ပါသည်။ သူ၏ ဖခင်မှာ လက်သမား ဆရာကြီးဖြစ်ပြီး မိခင်မှာ အလတန်းပြ(မူတာဝန်)ဖြင့် မြေပုံမြို့မှ ကျောင်းဆရာမ တစ်ယောက် ဖြိုက်ပါသည်။
မောင်မင်းသန်းလွင်သည် အချေကပင် ပညာတော်ရေ ကျောင်းသားတစ်ယောက် ဖြစ်ပြီး သူငယ်တန်းမှ စတ္ထတန်းထိ ပထမဆု ဆက်တိုက် ရရှိခပြီး န၀မတန်းထိ ထူးချွန်စွာ အောင်မြင်ခပါသည်။
“ အကျွန်သားချေရေ အချေကပင် ပညာတော်ရေ ကျောင်းသားပါ။ သူ စာမေးပွဲမှာ အဖြေနိုင်ဆုံးဘာသာလည်း အခု ၁၅ မှတ်ရာ ရရေ ဘောဂဗေဒဘာသာရပ် ဖြိုက်နိန်ပါရေ။ အကြိုစာမေးပွဲတိမှာတောင် သူက တခြားကျောင်းသူ ကျောင်းသားတိထက် အမှတ်အများဆုံးနန့် ဂုဏ်ထူးထွက်စော်ပါ။ ပညာရေး စာစစ်ဌာနမှာ တစ်ခုခု လွှဲမှားနိန်ရေလို့ သံသယဖြစ်မိပါရေ။ အကျွန် အဖြေလွှာ မိတ္တူကို စာစစ်ဌာနမှာ ကြည့်ခွင့်တောင်းထားပါရေ။ နောက် အသနားခံစာ နှစ်ကြိမ်ဟိပါယာ ဇာတစ်ခုလည်း အကြောင်းမပြန်ပါ။ ပြည်နယ်ဝန်ကြီးချုပ်ဘားကိုပါ စာတင်ထားပါရေ” လို့ မောင်မင်းသန်းလွင်၏ အမိဖြိုက်သူ ဒေါ်စောခင်လှ က ပြောပါသည်။
သူသည် ၂၀၁၁-၂၀၁၂ ခုနှစ်ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အ ထ က မြေပုံမြို့ စာစစ်ဌာန ဒဖ-၂၁၃ ဖြင့် ၀င်ရောက်ဖြေဆိုရာ ၅ ဘာသာ ဂုဏ်ထူး ရသော်လည်း ဘောဂဗေဒဘာသာရပ် ၁၅ မှတ်ဖြင့် ကျရှုံးခပါသည်။ အမှတ်စာရင်းအရ ရမှတ်များမှာ မြန်မာစာ ရရ မှတ်၊ အင်္ဂလိပ်စာ ရ၈ မှတ်၊ သချာင်္ ၈၂ မှတ်၊ ဓါတုဗေဒ ၉၃ မှတ်၊ ရူပဗေဒ ၈၄ မှတ်၊ ဘောဂဗေဒ ၁၅ မှတ် ဖြစ်ပါသည်။
“စာစစ်ဌာန ဥက္ကဌကို အကျွန်ကိုယ်တိုင် တွိ့ဖို့ကြိုးစားကေလေ့ သူရို့က မင်္သခါ မျက်လုံးတိနန့် မဖြစ်နိုင်ယာ။ နောက်ကျလားလို့ ပြောရေ။ အကျွန်သားချေ အဖြေလွှာကို ကြည့်ခွင့်တောင်းစော်ကို သူရို့က အရေးတယူ မဆောင်ရွက်ပီးပါ။ မြန်မာနိုင်ငံ စာစစ်ဌာန အနိန်နန့် မှန်မှန်ကန်ကန် ဆောင်ရွက်ပီးစီချင်ပါရေ” လို့ သူမ က ဆက်ပြောပါသည်။
မြန်မာနိုင်ငံတွင် ဇွန်လ ၉ ရက် ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထွက်ချိန်က မောင်မင်းသန်းလွင်သည် ၅ ဘာသာ ဂုဏ်ထူးဖြင့် အောင်စာရင်းတွင် မပါဘဲ ကျရှုံးခပြီး အမှတ်စာရင်း ထွက်လာချိန်တွင် ဂုဏ်ထူးရ ဘာသာတိမှာလည်း အမှတ်ကကောင်းဖြင့် ဂုဏ်ထူးရခပါသည်။ ဘောဂဗေဒ ဘာသာရပ်တွင် ၁၅ မှတ်ရသည်မှာ ဖြိုက်နိုင်ခြေ မရှိကြောင်း ဆရာ ဆရာမတိနန့် ကျောင်းသူကျောင်းသား အသိုင်းအ၀ိုင်း အပြောအရ စာစစ်ဌာန၏ တစ်ခုခု မှားယွင်းမူကြောင့်လို့ ဝေဖန် သုံးသပ်နိန်ဂတ်ပါသည်။
“အကျွန်ရို့က ရန်ကုန်ကို ရခိုင်ပြည်က နီပနာ ခရီးဝီးလာစော်ပါ။ သူများဘားက ဖေသာတိ ချီးငှားပနာ ဖေသာတိ အကုန်အကျအများကြီးခံလို့ လာရစော်ပါ။ အရေးတယူ ဆောင်ရွက်ပီးစော်တိ မဟိပါ” လို့ သူမက ဆက်လက်ပြောကြားပါသည်။
မောင်မင်းသန်းလွင် ရမှတ်နန့် ပတ်သက်လို့ အဖြေလွှာစာအုပ်ကို ပြန်လည် စစ်ဆေးဆောင်ရွက်ပီးပါရန်နန့် အဖြေလွှာကို ပြန်လည် ကြည့်ရူခွင့် ရရန် မိခင် ဖြစ်သူမှ အသနားခံ တောင်းဆိုလွှာကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ ရန်ကုန်သို့ ပထမအကြိမ်၊ ဒုတိယတကြိမ် တရားဝင် ပို့ထားပြီးဖြစ်သော်လည်း အကြောင်းပြန်ကြားခြင်း တစုံတရာ မဟိကြောင်း သတင်းရရှိပါသည်။

မှတ်ချက်။ ။ http://www.arakanlaywaddy.com/ မှကူးယူးဖော်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

စာဖတ်သူရဲ့ Thank ဆိုသော စကားတစ်ခွန်းသည် နောက်ထပ်ပို့စ် တစ်ခုရေးရန်အတွက် အားဆေးတစ်ခွက် ဖြစ်ပါသည် .. ခင်မင်လေးစားစွာဖြင့် ..လေလွင့်နေသူ