Friday 19 October 2012

Photoshop နှင့် Rain Animation လေးလုပ်ကြည့်ကြရအောင်


***အထက်ပါကဲ့ မိုးရွာနေတဲ့ Animation လေးလုပ်ကြည့်ရအောင်။ ပထမဆုံး Photoshop CS တစ်ခုခုကိုဖွင့်လိုက်ပါ။ ကျနော်ကတော့ CS5 နဲ့လုပ်ပြသွားမယ်။ ပြီးတော့ မိမိကြိုက်နှစ်သက်တဲ့ ပုံတစ်ပုံကို  ယူလိုက်ပါ.. ကျနော်ကတော့ အောက်ပါပုံကိုယူထားလိုက်ပါတယ်။


***New Layer တစ်ခုယူဖို့အတွက် အနီရောင်နဲ့ပြထားတဲ့ Create a New Layer ကို နှိပ်လိုက်ပါ။ Layer 1 ဆိုပီး New Layer တစ်ခုတိုးလာမှာပါ။

***အောက်ကပုံမှာ ပြထားတဲ့အတိုင်း Set Foreground Color ကို အနက်ရောင်ထားပြီး၊ Set Background Color ကို အဖြူရောင်ထားလိုက်ပါ။





***ပြီးတော့ Tool Box ထဲမှ Paint Bucket Tool (G) ကိုယူပြီး New Layer ယူထားတဲ့ Box မှာလောင်းလိုက်ပါ။ အောက်ကပုံလိုတွေ့မြင်ရလိမ့်မယ်။



***ပုံမှာပြထားသည့်အတိုင်း Filter>>Noise >>Add Noise ကိုနှိပ်လိုက်ပါ။ 


***Add Noise ကိုနှိပ်လိုက်ရင် အောက်ပါကဲ့သို့ Box တစ်ခုပေါ်လာလိမ့်မယ်။ ပုံမှာပြထားသည့်အတိုင်း Amount: 117.72 ထားလိုက်ပါ။ ပြီးတော့ Gaussian နဲ့ Monochromatic ကိုအမှတ်ပေးပြီး Ok လိုက်ပါ။

 
*** အခုလိုတွေ့မြင်ရလိမ့်မယ်။
 
***ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း Filter>>Blur>>Motion Blur ကိုနှိပ်လိုက်ပါ။


***အောက်ပါကဲ့သို့ Box တစ်ခုပေါ်လာလိမ့်မယ်။ ပုံမှာပြထားသလို Angle :60 , Distancte:16 ထားပြီး Ok   လိုက်ပါ။






***နံပါတ် 1 ပြထားတဲ့ Layer Mode မှာ Color Dodge ထားလိုက်ပါ။ 

***အောက်ကပုံအတိုင်းတွေ့မြင်ရလိမ့်မယ်။


*** ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း Image>Adjustments>Levels ကိုနှိပ်လိုက်ပါ။


***အောက်ပါပုံအတိုင်း Levels Box ပေါ်လာရင် Ok လိုက်ပါ။

***အောက်ပါပုံအတိုင်း မိုးစက်လေးတွေကဲ့သို့ တွေ့မြင်ရလိမ့်မယ်။
 

***Animation လုပ်ဖို့အတွက် ပုံမှာပြထားတဲ့အတိုင်း Window>Animation ကိုနှိပ်လိုက်ပါ။


***ပြီးတော့ Ctrl+T ကိုနှိပ်ပြီး ပုံမှာပြထားသလို အပေါ်သို့ အနည်းငယ်တင်ပေးလိုက်ပါ။


***New Frames တစ်ခုယူဖို့အတွက် အနီရောင်နဲ့ပြထားတဲ့ Duplicates Selected Frames ကိုနှိပ်လိုက်ပါ။ New Frames တစ်ခုပေါ်လာလိမ့်မယ်။


***တစ်ကယ်လို့ Duplicates Selected Frames နှိပ်လို့မရဘူးဆိုရင် ပုံမှာပြထားတဲ့ အမှန်ခြစ်ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် New Frames ယူဖို့အတွက် Duplicate Selected Frames ကိုနှိပ်လို့ရပါပြီ။





***ပြီးတော့ ပုံကိုအောက်သို့နည်းနည်းလောက်ချပေးလိုက်ပါ။ အနီရောင်နဲ့ပြထားတဲ့ Play Animation ကိုနှိပ်ပြီး Play ကြည့်လိုက်ပါ။




 
***ဒါဆိုရင်ပြီးသွားပါပြီ မိုးစက်တွေကျနေသကဲ့သို့ တွေ့မြင်ရမှာပါ။ အားလုံးပြီးသွားပြီဆိုတော့ သိမ်းတော့မယ်။ gif ဖိုင်နဲ့ Save ရမယ်ဆိုတော့ ပုံမှန် Save သလို Save as တို့ Save တို့နဲ့ Save လို့မရပါဘူး။ File မှ Save for Web & Devices...Alt+Shift+Ctrl+S နဲ့ Save လိုက်ပါ။


 ***ပုံမှာပြထားသလိုပေါ်လာရင် Save ထပ်ပေးလိုက်ပါ။


 
 

No comments:

Post a Comment

စာဖတ်သူရဲ့ Thank ဆိုသော စကားတစ်ခွန်းသည် နောက်ထပ်ပို့စ် တစ်ခုရေးရန်အတွက် အားဆေးတစ်ခွက် ဖြစ်ပါသည် .. ခင်မင်လေးစားစွာဖြင့် ..လေလွင့်နေသူ