လေလွင့်နေသူ ဘလော့သို့ အလည်ရောက်ရှိလာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday 24 February 2013

"သမ္မတလင်ကွန်းနဲ့ ကနေဒီတို့ရဲ့ ထူးခြားတဲ့ တိုက်ဆိုင်မှုများ"

    လင်ကွန်းဟာ လွှတ်တော်အမတ်အဖြစ် ၁၈၄၆ မှာ ရွေးချယ်ခံရပါတယ်
ကနေဒီဟာ လွှတ်တော်အမတ်အဖြစ် ၁၉၄၆ မှာ ရွေးချယ်ခံရပါတယ်

လင်ကွန်းဟာ သမ္မတအဖြစ် ၁၈၆၀ မှာ တင်မြှောက်ခံရပြီး
ကနေဒီဟာ သမ္မတအဖြစ် ၁၉၆၀ မှာတင်မြှောက်ခံရပါတယ်

နှစ်ဦးစလုံးဟာ လူထုအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ပါတယ်

သမ္မအဖြစ်နဲ့အိမ်ဖြူတော်ကိုရောက်ပြီးမကြာခင်ပဲ နှစ်ဦးစလုံးဟာ သားတစ်ယောက်စီဆုံးရှုံးခဲ့ကြပါတယ်


Thursday 7 February 2013

PhotoShine 2013

             Valentine Day လည်းနီးလာပြီဆိုတော့ ချစ်သူရဲ့ဓာတ်ပုံကို Frames လှလှလေးတွေနဲ့ထည့်ပြီး လက်ဆောင်ပေးချင်သူတွေအတွက် PhotoShine 2013 Update လေးကိုတင်ပေးလိုက်ပါတယ်။ Frames လေးတွေတော်တော်လေးလှလာပါတယ်။ အရင် Version က Frames တွေ ဒီကောင်လောက် မစုံပါဘူး။ ဖိုင်ဆိုဒ်ကတော့ နည်းနည်းကြီးတယ်။ 73.7MB ရှိပါတယ်။ Full Version လေးသုံးလို့ရအောင် Serial Key ထည့်ပေးထားပါတယ်။ Key မထည့်တတ်သူတွေအတွက် key ဘယ်လိုထည့်ရမယ်ဆိုတာ အောက်မှာပုံနှင့်တကွ ရှင်းပြထားပါတယ်။ 

Download Link,,,,,,,,,,,,,,,,,,,,,, PhotoShine 2013
rar password,,,,,,,,,,,,,,,,,,,,,,,,,  laylwintnaythu

Saturday 2 February 2013

Totalvideo Converter

Video Cnvert လုပ်ချင်သူတွေအတွက် အရမ်းကောင်းတဲ့ Software လေးပါ။ အထူးသဖြင့် Flash Song သမားတွေ ဆောင်ထားသင့်တဲ့ Software လေးပါ။ Flash Song လုပ်တဲ့အခါ Mp3 ကိုချုံ့နိုင်သမျှ ချုံ့ပေးရပါတယ်။ လိုချင်ရင်တော့ ဒီနေရာလေးမှာ ယူသွားလိုက်ပါ။ rar ဖိုင်ကို password ခံထားပါတယ်။
rar password - laylwintnaythu

Friday 1 February 2013

91 PC Suite ကိုသုံးပြီး Android Application တွေကို ကွန်ပျူတာထဲကနေ ဖုန်းထဲကို တိုက်ရိုက် Install လုပ်ကြမယ်


              အရမ်းကောင်းတဲ့ China Software လေးတစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာမှာ Install လုပ်ထားရမှာပါ။ သုံးရတာလွယ်ကူသလို အတော်လည်း တွင်ကျယ်စွာသုံးခွင့်ရပါတယ်။ Free Version ဖြစ်တာကြောင့်လည်းအသုံးများလာကြပါတယ်။ ဖုန်းဆိုင်တွေမှာတော့ ဒီ 91 PC Suite နဲ့ ဖုန်းတွေကို application install လုပ်ကြတာကိုတော်တော်များများတွေ့နေရပါတယ်။ ဘာကောင်းလဲဆိုတော့ ပုံမှန်အတိုင်းဆိုရင် ကိုယ်သွင်းချင်တဲ့ apk တွေကိုဖုန်းရဲ့ SD ကဒ်ထဲကိုထည့်ပြီးမှသွင်း အဲဒီလို ဒုက္ခမျိုးတွေမရှိတော့ပါဘူး။ ဒီကောင်လေးကိုသုံးပြီး ကွန်ပျူတာထဲကနေ ဖုန်းထဲကို တိုက်ရိုက် Install လုပ်လို့ရပါတယ်။ SD ကဒ်ထဲသို့ သွားထည့်နေစရာမလိုတော့ဘူး။ application ကို install လုပ်ရာမှာလဲ app တစ်ခုတင် မဟုတ်ပဲ အများကြီးကို တစ်ပြိုင်တည်း install လုပ်လို့ရပါတယ်။ Device တွေထဲမှ Data တွေကိုအလွယ်တကူ ပြန်လည်ကူးယူနိုင်သလို Device Screen ကိုလည်း အလွယ်တကူ ဖမ်းယူနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ ဒါ့ထက်မကတာတွေ ပါပါသေးတယ်။ China Version ဖြစ်တာကြောင့် China Font ဖြင့်လာသော်လည်း အရေးပါ Tool များကိုတော့ English Font ပြန်ပြောင်းပြီးသုံးနိုင်ပါတယ်။ Font ပာင်းပုံးပြောင်းနည်းကို အောက်မှာရှင်းပြထားပါတယ်။ အရင်ဆုံး 91 PC Suite ကိုဒေါင်းဖို့အတွက် ဒီနေရာ လေးကိုသွားလိုက်ပါ။