လေလွင့်နေသူ ဘလော့သို့ အလည်ရောက်ရှိလာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday 24 February 2013

"သမ္မတလင်ကွန်းနဲ့ ကနေဒီတို့ရဲ့ ထူးခြားတဲ့ တိုက်ဆိုင်မှုများ"

    လင်ကွန်းဟာ လွှတ်တော်အမတ်အဖြစ် ၁၈၄၆ မှာ ရွေးချယ်ခံရပါတယ်
ကနေဒီဟာ လွှတ်တော်အမတ်အဖြစ် ၁၉၄၆ မှာ ရွေးချယ်ခံရပါတယ်

လင်ကွန်းဟာ သမ္မတအဖြစ် ၁၈၆၀ မှာ တင်မြှောက်ခံရပြီး
ကနေဒီဟာ သမ္မတအဖြစ် ၁၉၆၀ မှာတင်မြှောက်ခံရပါတယ်

နှစ်ဦးစလုံးဟာ လူထုအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ပါတယ်

သမ္မအဖြစ်နဲ့အိမ်ဖြူတော်ကိုရောက်ပြီးမကြာခင်ပဲ နှစ်ဦးစလုံးဟာ သားတစ်ယောက်စီဆုံးရှုံးခဲ့ကြပါတယ်


 သမ္မတနှစ်ဦးစလုံးဟာ သောကြာနေ့မှာ သေနတ်နဲ့လုပ်ကြံခံခဲ့ကြရတာပါ

နှစ်ဦးစလုံးဟာ ဦးခေါင်းကို အပစ်ခံခဲ့ရတာပါ

လင်ကွန်းရဲ့ အတွင်းရေးမှုးနာမည်က ကနေဒီဖြစ်ပြီး
ကနေဒီရဲ့ အတွင်းရေးမှုးနာမည်က လင်ကွန်းပါတဲ့။

နှစ်ဦးစလုံးဟာ တောင်ပိုင်းသားတွေရဲ့ လုပ်ကြံမှုကိုခံခဲ့ရတာဖြစ်ပြီး
တောင်ပိုင်းသားတွေကြောင့်ပဲ အောင်မြင်မှုရခဲ့ကြတာပါ။

လင်ကွန်းကို သမ္မတဖြစ်အောင်ကူညီပေးခဲ့တဲ့ တောင်ပိုင်းသား အင်ဒရူးဂျွန်ဆင်ဟာ ၁၈၀၈ ခုနှစ်မှာမွေးဖွားခဲ့ပြီး
ကနေဒီကို ကူညီခဲ့တဲ့ တောင်ပိုင်းသားအင်ဒရူးဂျွန်ဆင်ကတော့ ၁၉၀၈ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။

လင်ကွန်းကို လုပ်ကြံခဲ့တဲ့ John Wilkes Booth ဟာ ၁၈၃၉ ခုနှစ်မှာမွေးဖွားခဲ့ပြီး
ကနေဒီကိုလုပ်ကြံခဲ့တဲ့ Lee Harvey Oswald ကတော့ ၁၉၃၉ ခုနှစ်မှာမွေးဖွားခဲ့ပါသတဲ့။

လုပ်ကြံသူနှစ်ဦးစလုံးဟာ နာမည်သုံးလုံးရှိပြီး နာမည်မှာပါတဲ့စာလုံးအရေအတွက် စုစုပေါင်းက ၁၅လုံးပါ။

လင်ကွန်းဟာ “ဖို့ဒ်“ ကဇာတ်ရုံမှာ လုပ်ကြံခံခဲ့ရပြီး
ကနေဒီကတော့ “ဖို့ဒ်“ ကုမ္မဏီကထုတ်တဲ့ “လင်ကွန်း“ ကားပေါ်မှာ လုပ်ကြံခံခဲ့ရပါတယ်။

သူတို့ကိုလုပ်ကြံခဲ့တဲ့သူနှစ်ဦးစလုံးဟာ ရုံးတင်စစ်ဆေးမခံရခင်မှာပဲ သတ်ဖြတ်ခံခဲ့ရပါတယ်။

လုပ်ကြံမခံရမီတစ်ပတ်အလိုမှာ လင်ကွန်းဟာ မေရီလင်း ပြည်နယ်က မွန်ရိုးအရပ်မှာရှိနေခဲ့ပြီး
ကနေဒီကတော့ လုပ်ကြံမခံရမီ တစ်ပတ်အလိုမှာ မင်းသမီး မေရီလင်မွန်ရိုးနဲ့ တူတူရှိနေခဲ့ပါသတဲ့။

လင်ကွန်းကို ကဇာတ်ရုံထဲမှာ လုပ်ကြံပြီးနောက် တရားခံဟာ ကုန်လှောင်ရုံထဲကိုထွက်ပြေးခဲ့ပါတယ်။
ကနေဒီကို လုပ်ကြံခဲ့သူကတော့ ကုန်လှောင်ရုံထဲကနေ သေနတ်နဲ့လှမ်းပစ်ခဲ့ပြီး ကဇာတ်ရုံထဲကို ထွက်ပြေးခဲ့ပါသတဲ့။

တကယ့်အဖြစ်အပျက်တွေဟာ စိတ်ကူးယဉ်ဝတ္ထုတွေထက်ပိုဆန်းကြယ်ပြီး
ဒါတွေအားလုံးဟာ တိုက်ဆိုင်မှုတွေပါလို့ ပြောရမှာတော့ ခပ်ခက်ခက်ပါပဲ။ 


YN
ဦး ဖာ
yan naing
......
(9gag မှ ဘာသာပြန်ပါတယ်)

No comments:

Post a Comment

စာဖတ်သူရဲ့ Thank ဆိုသော စကားတစ်ခွန်းသည် နောက်ထပ်ပို့စ် တစ်ခုရေးရန်အတွက် အားဆေးတစ်ခွက် ဖြစ်ပါသည် .. ခင်မင်လေးစားစွာဖြင့် ..လေလွင့်နေသူ