Friday 1 February 2013

91 PC Suite ကိုသုံးပြီး Android Application တွေကို ကွန်ပျူတာထဲကနေ ဖုန်းထဲကို တိုက်ရိုက် Install လုပ်ကြမယ်


              အရမ်းကောင်းတဲ့ China Software လေးတစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာမှာ Install လုပ်ထားရမှာပါ။ သုံးရတာလွယ်ကူသလို အတော်လည်း တွင်ကျယ်စွာသုံးခွင့်ရပါတယ်။ Free Version ဖြစ်တာကြောင့်လည်းအသုံးများလာကြပါတယ်။ ဖုန်းဆိုင်တွေမှာတော့ ဒီ 91 PC Suite နဲ့ ဖုန်းတွေကို application install လုပ်ကြတာကိုတော်တော်များများတွေ့နေရပါတယ်။ ဘာကောင်းလဲဆိုတော့ ပုံမှန်အတိုင်းဆိုရင် ကိုယ်သွင်းချင်တဲ့ apk တွေကိုဖုန်းရဲ့ SD ကဒ်ထဲကိုထည့်ပြီးမှသွင်း အဲဒီလို ဒုက္ခမျိုးတွေမရှိတော့ပါဘူး။ ဒီကောင်လေးကိုသုံးပြီး ကွန်ပျူတာထဲကနေ ဖုန်းထဲကို တိုက်ရိုက် Install လုပ်လို့ရပါတယ်။ SD ကဒ်ထဲသို့ သွားထည့်နေစရာမလိုတော့ဘူး။ application ကို install လုပ်ရာမှာလဲ app တစ်ခုတင် မဟုတ်ပဲ အများကြီးကို တစ်ပြိုင်တည်း install လုပ်လို့ရပါတယ်။ Device တွေထဲမှ Data တွေကိုအလွယ်တကူ ပြန်လည်ကူးယူနိုင်သလို Device Screen ကိုလည်း အလွယ်တကူ ဖမ်းယူနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ ဒါ့ထက်မကတာတွေ ပါပါသေးတယ်။ China Version ဖြစ်တာကြောင့် China Font ဖြင့်လာသော်လည်း အရေးပါ Tool များကိုတော့ English Font ပြန်ပြောင်းပြီးသုံးနိုင်ပါတယ်။ Font ပာင်းပုံးပြောင်းနည်းကို အောက်မှာရှင်းပြထားပါတယ်။ အရင်ဆုံး 91 PC Suite ကိုဒေါင်းဖို့အတွက် ဒီနေရာ လေးကိုသွားလိုက်ပါ။

  ဒေါင်းပြီးရင် Install လုပ်လိုက်ပါ Install လုပ်တာနည်းနည်းကြာပါလိမ့်မယ် ခဏသာစောင့်ရမှာပါ။ Finish ပေးပြီးလို့ ခဏကြာရင် အောက်မှပုံအတိုင်း Main Page တက်လာပါလိမ့်မယ်။ အားလုံး China Font နဲ့ ဖြစ်နေတာတွေ့ရပါလိမ့်မယ်။


     English Font ပြောင်းရန်အတွက် ထိပ်နားမှာ အနီရောင်နဲ့ ပြထားတဲ့ အရုပ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါ။ Menu တစ်ခုထွက်လာပါမယ်။ ထိုအထဲမှ အပေါ်မှစရေလျှင် သုံးကြောင်းမြောက်စာတမ်း ဘေးဘက်ထွက်လာသော ရွေးချယ်စရာတွင် အောက်ဆုံးမှ English ကိုရွေးလိုက်ပါ။ အောက်မှပုံကိုကြည့်ပါ။

       အောက်မှပုံအတိုင်း Menu များနှင့် Button များ English Font ပြောင်းသွားပါလိမ့်မယ်။


 *****အသုံးပြုဖို့ ဘာတွေလိုသလဲ ဆိုရင် အသုံးပြုမယ့် Android Device ရဲ့ USB Driver ကိုတော့ ကွန်ပျူတာထဲမှာ Install လုပ်ထားရပါမယ်။ ဒါ့အပြင် ဖုန်းရဲ့ Device ကိုလည်း Unknown Source နဲ့ USB Dubbing တွေကို On ပေးထားရပါမယ်။

         On ပြီးသွားပြီဆိုရင် Device ကိုတပ်ဆင်လိုက်ပါ။ အဆင်သင့် ဖြစ်မဖြစ်ကိုတော့ အနီရောင်နဲ့ဝိုင်းပြထားတဲ့ အစိမ်းရောင် Button လေးကို Click ကြည့်လိုက်ပါ။ အောက်မှပုံအတိုင်း USB ဘေးတွင် တစ်ခုခုရှိနေလျှင် သုံးနိုင်ပါပြီ။ Device မသိရင်တော့ USB ဘေးတွင် ဘာမှမရှိပါဘူး။


No comments:

Post a Comment

စာဖတ်သူရဲ့ Thank ဆိုသော စကားတစ်ခွန်းသည် နောက်ထပ်ပို့စ် တစ်ခုရေးရန်အတွက် အားဆေးတစ်ခွက် ဖြစ်ပါသည် .. ခင်မင်လေးစားစွာဖြင့် ..လေလွင့်နေသူ