Sunday 12 May 2013

၉၆၉ အမှတ်တံဆိပ်တော်တွင် ပါရှိသော အာသောက ကျောက်စာတိုင်၏ အဓိပါယ်


ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာကို အထူး ယုံကြည်သက်ဝင်သူ ဖြစ်သည်။

အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။ သူသည် ဗုဒ္ဓသာ သနာ ထွန်း ကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက် ထူထား ခဲ့သည်။

အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာအနီးတွင် ကျောက်တိုင်ကြီးတခု စိုက်ထူခဲ့သည်။

ထိုကျောက် တိုင်ထိပ်ပေါ်တွင် နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။

အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့ သည်။ ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန်သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော ရည်ရွယ် ချက်ဖြင့် မြင်း ရုပ်ကို ထားရှိခြင်း ဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့ သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက် ရာနေရာ ဖြစ် သည်။ ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသ နာတော် အတွက် ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို ထားရှိခြင်းဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီးတတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာတရားတော် ကို ဟော်တော်မူသောနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင် ထားသည်။ "ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသ နာ့အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊ ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ ပြု လုပ်ဆောင် ရွက် မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ခြင်္သေ့ရုပ်ကို ထားရှိခြင်းဖြစ်သည်။


Credit : Amy Zeta

https://www.facebook.com/amyzetaamy/posts/526847314039216

No comments:

Post a Comment

စာဖတ်သူရဲ့ Thank ဆိုသော စကားတစ်ခွန်းသည် နောက်ထပ်ပို့စ် တစ်ခုရေးရန်အတွက် အားဆေးတစ်ခွက် ဖြစ်ပါသည် .. ခင်မင်လေးစားစွာဖြင့် ..လေလွင့်နေသူ