Thursday 26 September 2013

Samsung galaxy tab2 မှာ Video တွေ Music တွေ Photo တွေ ရွေ့နည်း


Samsung galaxy tab2 မှာ Move ဆိုတာရှာမတွေ့လို့ ဖိုင်တွေကို SD Card ထဲသို့မရွေ့တတ်ဘူးဖြစ်နေလို့ ဆိုပြီး CBox မှာမေးထားတာလေးပါ။ 

*** အရင်ဆုံး SD Card ထဲသွားပြီး File တစ်ခုဆောက်လိုက်ပါ။  Video ဆို Video, Photo ဆို Photo, Music ဆို Music ပါ့နာ်။ ကျနော်ကတော့ Video ကိုရွေ့ပြမှာဖြစ်လို့ Movies ဆိုပြီး File တစ်ခုဆောက်လိုက်ပါတယ်။ ပြီးရင် မိမိရွေ့ချင်တဲ့ ဖိုင်ဆီကိုသွားလိုက်ပါ။ မိမိရွေ့ချင်တဲ့ ဖိုင်က Bluetooth ထဲမှာဆိုရင် Bluetooth ကိုသွားလိုက်ပါ။ Download ထဲမှာဆိုရင် Download ကိုသွားလိုက်ပါ။ ကျနော်ကတော့ Download ထဲကိုသွားလိုက်ပါတယ်။ အနီရောင်နဲ့ ပြထားတဲ့ Download ထဲက Video တွကိုရွေ့မှာဆိုတော့ အစိမ်းရောင်နဲ့ပြထားတဲ့ နရာကိုကြည့်လိုက်တဲ့အခါ ခုနားက ဆောက်ထားတဲ့ Movies ဆိုတဲ့ ဖိုင်ကိုမတွေ့ဘူး။ အောက်ကပုံကိုကြည့်လိုက်ပါ။



*** တစ်ကယ်လို့ အဲဒီလို မိမိသွားထည့်မဲ့ File ကိုမတွေ့ဘူးဆိုရင် အပြာရောင်နဲ့ပြထားတဲ့ Download ထဲက Video ပေါ်မှာလက်ထောက်ပြီး အနီရောင်နဲ့ပြထားတဲ့ storage ပေါ်သို့ Drag ဆွဲပြီးသွားလိုက်ပါ။ လက်ကို မလွှတ်နဲ့အုံး။ storage အောက်ကိုကြည့်လိုက်ပါ။ Movies ဆိုတဲ့ ဖိုင်ကိုတွေ့လိမ့်မယ်။ Movies ဖိုင်ပေါ်သို့ ဆက်ပြီး Drag ဆွဲသွားလိုက်ပါ။ Movies ပေါ်သို့ရောက်ပြီဆိုမှ လက်ကိုလွှတ်လိုက်ပါ။ ဒါဆိုရင် SD Card ထဲက Movies ဖိုင်ထဲကိုရောက်သွားပါပြီ။ Mark လောက်ပြီး တစ်ခါတည်း အများကြီး ရွေ့ရင်လည်း ရပါတယ်။ 



                             ကျနော်ရှင်းပြတာ ပိုပြီးရှုပ်သွားသလားတော့မသိဘူး။

No comments:

Post a Comment

စာဖတ်သူရဲ့ Thank ဆိုသော စကားတစ်ခွန်းသည် နောက်ထပ်ပို့စ် တစ်ခုရေးရန်အတွက် အားဆေးတစ်ခွက် ဖြစ်ပါသည် .. ခင်မင်လေးစားစွာဖြင့် ..လေလွင့်နေသူ