လေလွင့်နေသူ ဘလော့သို့ အလည်ရောက်ရှိလာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Thursday, 1 November 2012

သူငယ်ချင်းအားလုံးသို့

                 
               ကျနော်သည် ၂.၁၁.၂၀၁၂ ရက်နေ့တွင် ပြည်တော်သို့ ခဏအလည်ပြန်မှာမို့ သူငယ်ချင်းအား
လုံးကို နှုတ်ဆက်ခဲ့ပါတယ်။ သူငယ်ချင်းအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ္မာခြင်းနှင့် ပြည့်စုံနိုင်ကြပါ
စေ။

Tuesday, 30 October 2012

(သမိုင်းကြောင်းကိုလေ့လာစီချင်သည်)

ရခိုင်ကမ်းမြောင်ဒေသသည် ဘင်္ဂလားပင်လယ်အောင်နှင့် ဆက်စပ်လျက်ဟိပြီး၊ ပင်လယ်လှိုင်းကြီးလှိုင်းငယ်ရို့သည် ကမ်းသောင်နဖူးသို့ တဘုန်းဘုန်းရိုက်ခတ်လျက်ဟိသည်။ ရခိုင်ကုန်းတွင်းဒေသတွင် မြစ်ချောင်းအင်းအိုင် အလွန်ပေါများပြီး မြစ်ချောင်းများသည် ပင်လယ်ထဲသို့ စီးဝင်သည်။ မြောက်ပိုင်းရှိ (နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်) များတွင် မြစ်လက်တက်ပေါင်းများစွာဟိသည်။ တောင်ဘက်၌ မြစ်တို၊ ချောင်းတိုများသည် အရှိမှအနောက်သို့ စီးဆင်းသည်။

ထင်ရှားသောမြစ်ချောင်းများမှာ (ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ လမူးချောင်း၊ ဆားပြင်ချောင်း၊ တန်းလွဲချောင်း၊ တောင်ကုတ်ချောင်း၊ သဌေးချောင်း၊ ပြည့်ချောင်း၊ သံတွဲမြစ်၊ ကျိန်တလီချောင်းနှင့် ဂွချောင်း) ရို့ဖြစ်သည်။ ရခိုင်မြစ်ချောင်းများတွင် ဖြားရီအတက်အကျဟိသည်။ ဖြားအတက်တွင် ပင်လယ်ငါးများသည် ကုန်းတွင်း မြစ်ချောင်းများသို့ ဒိုးယိုပေါက်ဝင်ရောက်၍ ရခိုင်ပြည်တွင် သားငါးပုဇွန်အလွန်ပေါများသည်။

ရှုတိုင်းသာစွ ရခိုင်မြီ

ကဗျာဆရာရို့က ရခိုင်ဒေသကို “ရိုးမတောင်ဆိုင်း၊ ပင်လယ်ဝိုင်း၍၊ ရှုတိုင်းသာစွ၊ ရခိုင်မြီ” ဟူ၍လည်းကောင်း။ “မြီပြင်ကျယ်ဝင်း၊ လယ်ယာခင်းနှင့်၊ အင်းအိုင်မြစ်ချောင်း၊ ပင်လယ်ကြောင်းနှင့်” ဟူ၍လည်းကောင်း။ “ကျယ်ပြန့်လှစွာ၊ ကျွန်းဦးမြီမှာ၊ သပြီခလို့၊ ရောင်မြ၀ီဝီ၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗုဒီမှာ၊ သညီဝေါဟာ၊ ထောပနာနှင့်၊ သြဘာသောင်းသောင်း၊ သတင်းပေါ်၍၊ နင်းကျော်ဘိကေ၊ သရီချောင်းတွင်၊ မင်းကောင်းကြိမ်ဖန်၊ ဗဟိုရ်ညံ၍၊ စည်သံရိုက်ဟီး၊ ရွှေနန်းဆောင်ဖြင့်၊ ပြောင်ပြောင်ညီးကေ၊ မြို့ကြီးဓညာ” စသည်ဖြင့်လည်းကောင်း စာဖွဲ့ဆိုထားကြပါသည်။ 


Monday, 22 October 2012

ဘ၀ဒဿန


ငြိမ်းချမ်းရေ ရွာချေတရွာကြား
ဖြတ်စီးလားရေ ချောင်းကမ်းနားမှာ
ငါးမျှားနီရေကလချေတယောက်၏ငါးမျှားတံပိုင်
ကျွန်တော်ရေ......
ဖြောင့်လည်းဖြောင့် ကောက်လည်းကောက်
လူသားထဲက လူတယောက်ပါ --။

ဝမ်းရေးအတွက်
တနပ်ထမင်းကို ရှာကြံစားသောက်ယင်း
ဘ၀ပလိုင့်ကို ဇလွယ်သိုင်းလို့
အရိုင်းတောနက်မှာ
ကျင်လည်ကျက်စားခရရေ လူတယောက်ပါ --။

ဗုဒ္ဓဘာသာဆိုကေလဲ့
သူတပါးအသက်ကို သတ်ဖြတ်လို့
ပါဏာတိပါတာကံကိုလည်း
ကျူးလွန်ဖူးခပါရေ --။

မုသာဝါဒါကို အဓိပ္ပါယ်မဖွင့်တတ်ကေလဲ့
လိမ်ဝါရေဆိုစွာ ကျွန်တော်နားလည်ပါရေ --။

Saturday, 13 October 2012

ရခိုင်ရဟန်းတော် သီရိလင်္ကာနိုင်ငံတွင် ပါရဂူဘွဲ့ ရရှိ

စိမ်းလန်းအောင်(ကိန်းသာမြေ)
ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှ ရဟန်းတော် တပါးဖြစ်သော အသျှင်ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို ကေလဏိယတက္ကသိုလ်မှ ပါရဂူဘွဲ့ ကို ရရှိခဲ့သည်ဟု သတင်း  ရရှိသည်။
အဆိုပါ ပါရဂူဘွဲ့အား ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ က ရရှိခဲ့သည်။
အသျှင်ဉာဏုတ္တရသည် ၂၀၀၆-ခုနှစ်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ ဗုဒ္ဓစာပေများကို လေ့လာသင်ယူခဲ့  ရာ သီရိလင်္ကာနိုင်ငံ၊ ကေလဏိယတက္ကသိုလ် (University of KELANIYA)၏ ဘွဲ့လွန် ပါဠိနှင့် ဗုဒ္ဓဘာသာပညာသင် ကျောင်းမှ ဘွဲ့လွန်ဒီပလိုမာ (PG Dip.) (ဗုဒ္ဓဘာသာပညာ)၊ မဟာဝိဇ္ဇာ (M.A.) (ဗုဒ္ဓဘာသာပညာ)၊ အင်္ဂလိပ်စာမှ ဗုဒ္ဓဘာသာ (Certified English through Buddhism) အောင်လက်မှတ် တို့ကိုရရှိပြီး၊ ၄င်းတက္ကသိုလ်တွင်ပင် မဟာဒဿနိကဗေဒဘွဲ့ (M.Phil.) – (ဗုဒ္ဓဘာသာ ပညာ) ကို တစ်နှစ်တာ သုတေသနပြုခဲ့ပြီး အရည်အချင်းပြည့်မှီခဲ့၍ ပါရဂူဘွဲ့ (Ph.D.) အတွက် ၃ နှစ်တိုင်တိုင် သုတေသနပြုနေခဲ့ပြီး ယင်းဘွဲ့အတွက် ၁၀-၁၀-၂၀၁၂ နေ့ တွင် အပြီးသတ် အောင်မြင်ခဲ့ခြင်းဖြစ်သည်။

Friday, 5 October 2012

How to make myanmar blog (မြန်မာလို)

ကိုကျော်ဝင်းရေ blog လုပ်နည်းစာအုပ်ကို တင်ပေးလိုက်ပါပြီ ဒီနေရာမှာ သွားပြီးဒေါင်းလိုက်ပါ။ ကျနော်လည်း ဒီဘလော့ကို ဒီစာအုပ်ဖတ်ပြီး လုပ်ထားတာပါ။

Saturday, 22 September 2012

Viber for PC


ဒီကောင်လေးကတော့ Viber for pc software လေးဖြစ်ပါတယ် မိမိတို့ ၇ဲ့ စက်ကနေပြီးတော့ ဖုန်းကို ခေါ်ဆို ၇န် အတွက် ဖြစ်ပါတယ် ဒီကောင်လေးကို အသုံးပြုမယ်ဆို၇င် အ၇င်ဆုံးသိထား၇မှာ ကတော့ မိမိတို့ ဆက်သွယ်ချင်တဲ့သူဆီမှာ viber ၇ှိ၇မှာဖြစ်ပါတယ် နက်ချိတ်ထားရပါမယ်။ အ၇င်ဆုံး မိမိတို့ ၇ဲ့ ကွန်ပျူတာမှာ အောက်က software လေးကို  run ရ မှာဖြစ်ပါတယ်။ ကွန်ပျူတာကနေ ဖုန်းကိုခေါ်ဆိုနိုင်လို့ ရတဲ့အပြင် pc to pc လဲ ခေါ်လို့ ၇ပါတယ်။ free call ခေါ်ဆို၇တာ ဖြစ်တဲ့ အတွက် ပြည်တွင်းရော ပြည်ပရော free call ခေါ်လို့ရပါတယ်။ message ထဲကနေလဲ ပုံတွေပါ ပိုလို့ ရပါတယ်။ အဓိက က နက်ချိတ်ဆက် ထားဖို့ နဲ့  လိုင်းလေး ကောင်း၇င် တော့ အဆင်ပြေပါတယ် ခင်ဗျာ။ ။

လိုချင်ရင်တော့ ဒီနေရာမှာ သွားဒေါင်းလိုက်ပါ။

Friday, 7 September 2012

Facebook အကောင့် ခိုးနည်း နှင့် ကာကွယ်နည်း (TechSpace ဂျာနယ်မှ)


     
ကျွန်တော် မောင်အောင်ခမ်းက ဟက်ကာတစ်ယောက်မဟုတ်ပေမယ့် Facebook အကောင့်တစ်ခုကို အောင်အောင်မြင်မြင် ဟက်ခဲ့ပါတယ်။ ဘာ ဟက်ကာ ဆော့ဖ်ဝဲမှ မသုံးပါဘူး။ အဲဒီအကောင့်က ကိုယ့်စိတ်ကြိုက်လိုသလို သုံးလို့ရတဲ့ အဆင့်ထိ ရောက်သွားပါပြီ။ တကယ်ပြောတာပါ။ သို့ပေမယ့် စမ်းသပ်ရန် ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာ ဖြစ်ပြီး သူငယ်ချင်း အရင်းခေါက်ခေါက်ကို တောင်းပန်ကာ အကောင့်ပြန်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ သူစိတ်ဆိုး နေလောက်ပါပြီ။ ဒီတော့ သိထားသူများလည်း သတိထားနိုင်ရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

Tuesday, 28 August 2012

၂၀၁၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၅ ဘာသာဂုဏ်ထူးဖြင့် မြေပုံမြို့က မောင်မင်းသန်းလွင် ကျရှုံး


လေးဝတီ(ရက္ခိုင်ပြည်သား)။  ။၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပိုင်းရပ်ကွက်မှာ နိန်ထိုင်ရေ မောင်မင်းသန်းလွင်သည် ၅ ဘာသာဂုဏ်ထူး ရကေလေ့ ဘောဂဗေဒ ဘာသာရပ်တွင် ၁၅ မှတ်ဖြင့် စာမေးပွဲကျရှုံးခကြောင်း လေးဝတီ က သတင်းရဟိပါသည်။
မောင်မင်းသန်းလွင်သည် အဖ ဦးစိုးသိန်းနန့် အမိ ဒေါ်စောခင်လှရို့၏ သားဖြိုက်ပြီး အ.ထ.က မြေပုံမြို့တွင် ပညာသင်ကြားခရေ ကျောင်းသားတစ်ယောက် ဖြိုက်ပါသည်။

Monday, 20 August 2012

AdobeIllustrator မြန်မာလို


 

5 Laws of Success မြန်မာပြန်စာအုပ်


 

Theory Book (Video Editing)



Wifi လွှင့်နည်းများ စာအုပ်

Wifi လွှင့်နည်းများ

ကွန်ပျူတာမှ ပြဿနာများ ဖြေရှင်းနည်း စာအုပ်


စစ်တွေရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် မုဒိမ်းမှုများ ဒလကြမ်း ဖြစ်ပွားနေ

From : ရက္ခပူရိယ

သာထွန်းဦး၊ သြဂုတ်(၁၈)၊ ၂၀၁၂ ။ စစ်တွေ။ စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုကွသည်စခန်းများတွင် အမျိုးသမီးများအား အကြမ်းဖက်မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သော အရေအတွက်မှာ ပြီးခဲ့သည့်ဇွန်လအတွင်း ဒုက္ခသည်စခန်းများသို့ ပြောင်းရွေ့ချိန်မှစ၍ ယခုအထိ မုဒိမ်းမှုပေါင်း အနည်းဆုံး သုံးဆယ်ကျော် ဖြစ်ခဲ့ပြီးပြီဟု ရခိုင်ပြည်နယ် လုံခြုံရေးဝန်ကြီးဌာန နှင့် နီးစပ်သူတစ်ဦးက Coral Arakan ကို ပြောကြားသည်။ သို့သော် ပြည်သူ့ရဲတပ်ဖွဲ့၏ အတည်ပြုချက်ကိုမူ မရရှိသေးပေ။

Gtalk မှာ မြန်မာစာ ပြဿနာ

**** windows 7 မှာ ဖြစ်တတ်တဲ့ ပြဿနာလေးကို သူငယ်ချင်းတစ်ယောက် Mail ပို့ပြီးမေးထားတာလေးပါ ကျနော်ကိုယ်တိုင်လည်း ဒီလိုမျိုးကြုံးဖူးပါတယ်****

သူငယ်ချင်း ငါ့ရဲ့ Gtalk မှာလေ မြန်မာလိုရေးရင် ပေါ်တယ် Enter ခေါက်လိုက်ရင် ဘာစာတွေဖြစ်သွားလဲ မသိဘူးသူငယ်ချင်း ပုံကိုကြည့်ကြည့်လိုက်ပါ သူင်ချင်း facebook မှာတော့အဆင်ပြေတယ် website တွေကိုဝင်ကြည့်ရင်လဲ မြန်မာလိုပေါ်တယ် သူငယ်ချင်း။ ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေလို့ သူငယ်ချင်းဆီကို Mail ပို့ပြီးကူအညီးတောင်းရခြင်းဖြစ်ပါတယ်။ ငါ့ကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်သူငယ်ချင်း။

Sunday, 19 August 2012

နိုင်ငံခြားသားများမြန်မာစကားအသံထွက်လွယ်စေမယ့် MMSpeaker

3133-mmspeaker-01
နိုင်ငံခြားသားများအနေဖြင့် မြန်မာအမည်များအား English လို စာလုံးပေါင်း၍ application အတွင်းသို့ ရိုက်ထည့်လိုက်ရုံဖြင့် မြန်မာအသံထွက်ကို ကြားရနိုင်စေမယ့် MM Speaker ဟု အမည်ပေးထားသော iPhone / iPad App တစ်ခုကို စင်္ကာပူနိုင်ငံရောက် မြန်မာလူငယ် နှစ်ဦးက ရေးသား ထုတ်လုပ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ App ကို စင်္ကာပူနိုင်ငံ Nanyang Technologyical University တွင် Electrical and Electronic Engineering (InfoCom) ဘာသာရပ်ဖြင့် တက်ရောက် ပညာသင်ကြားနေသော ကိုခန့်သူလင်းနှင့် Kenwood Electronics Technologies (S) Pte. Ltd. တွင် Software Engineering Assistant အဖြစ် တာဝန် ထမ်းဆောင်နေသော မယမင်းဥမ္မာတို့ နှစ်ဦး ပူးတွဲ တည်ထောင်ထားသည့် K & Y Innovation မှ ရေးသား ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Thursday, 16 August 2012

လောကသာရ ဆုံးမစာ (ရခိုင်သူမြတ်) (မူကြမ်း)

(ပထမပိုင်း)

၁. ကြားပိမ့်သူမြတ်၊ အများမှတ်စိမ့်၊ ဟိတတ္တိက၊ သြ၀ါဒဖြင့်၊ ဆုံးမပီးလီ၊ နားဝင့်စီလော့၊ နီသို့ထင်ယှား၊ ဘုရားတရားသင်္ဃာ၊ ရတနာထွဋ်ထား၊ မြတ်သုံးပါးကို၊ ဦးဖျားထွဋ်ထက်၊ အမြဲရွက်ဆို၊ စုံမက်သဒ္ဒါ ကြည်စီမင်း ။

၂. အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစီချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စီမင်း။

၃. သူကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးသျှင်သို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ၀မ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကျုံ့သို့၊ ဆိုတုံ့မ၀ံ့၊ စောင်းမာန်ညံ့ ၍၊ ကြောက်ရွံ့ရိုသေ၊ သီးခံထွေဖြင့်၊ ကောင်းနီနှလုံး ယဉ်စီမင်း။

၎. ဆန္ဒာဒေါသ၊ ဘယာမောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ဂတိတည်လျှက်၊ နတ်ပြည်လူ့ရွာ၊ ချမ်းသာကောင်းမွန်၊ စံစုန်ဆန်၍၊ နိဗ္ဗာန်ရောက်ကြောင်း၊ ကျင့်ကောင်းသီလ၊ လှူဒါနနှင့်၊ ပုညလယ်မြီ၊ စိုက်ကြဲထွေဖြင့်၊ ပျိုးခြီအပင် စည်စီမင်း။

ဦးဦးသာထွန်း- မြောက်ဦးမြို့ဘုရားသမိုင်း

ဦးဦးသာထွန်း-မြောက်ဦးမြို့ဘုရားသမိုင်း

အမျိုးပျောက်မှာ စိုးကြောက်စရာ

အမျိုးပျောက်မှာ စိုးကြောက်စရာ

Saturday, 11 August 2012

အသုံးဝင်မဲ့ Website တွေ

ရုပ်ရှင်

VZO မြန်မာလို Website

 
VZO မူရင်းဆိုက်ဒ်မှာ မြန်မာဘာသာနဲ့ မြန်မာပြည်ကလူတွေ သုံးရတာ အဆင်ပြေအောင် အကောင့်ဖွင့်ပုံ အသုံးပြုပုံတွေက အစ မြန်မာလိုရှင်းပြထားတာတွေ့ရလို့ မသိသေးတဲ့ သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးလိုက်တာပါ..... ဒီအောက်က Link လေးကိုနှိပ်ပြီး Software နဲ့အတူ အသုံးပြုပုံတွေပါ လေ့လာနိုင်ပါတယ်....

                             VZO မြန်မာလို Website ကို ဒီနေရာကနေ သွားလိုက်ပါ

ပရိတ်ကြီးပါဠိတော်


Paritta ( in Burmese )

Video Editing မြန်မာလို


Using Android မြန်မာလိုစာအုပ်


Using Android-Upload by- (Laylwintnaythurkt.blogspot.com)

Wednesday, 1 August 2012

နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း...


ကျွန်တော် အရိမေတ္တေယျဘုရားသမိုင်းကို ကျွန်တော့်ဆိုဒ်လေးမှာမျှဝေခွင့်ရတဲ့အတွက်
အရမ်းကိုကြည်နူးမိပါတယ်ဗျာ။ အခုဘုရားသမိုင်းကိုရေးသားတဲ့ ကိုနေမင်းခေတ်ကိုလည်း ပြောမပြနိုင်
အောင်ကိုဘဲကျေးဇူးတင်မိပါတယ်ဗျာ။ကျွန်တော်သူ့ရဲ့ Website ကနေပြီးတဆင့်ပြန်လည်မျှဝေပေးတာဖြစ်
ပါတယ်။

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်...


ဗုဒ္ဓဘာသာကိုအဖျက်သဘောနဲ့မေးခွန်းတွေမေးလာခဲ့ရင်ပြန်လည်ဖြေကြားနိုင်ရန်အတွက်
ဒီပိုစ့်ကိုထပ်ဆင့်မျှဝေပေးလိုက်သည်..။။
****************************

ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ


                       အခုတလော တရားတော်များဆိုတဲ့ခေါင်းစဉ်နဲ့ ကျွန်တော် Post မတင်ဖြစ်တာတော်
တော်တော်ကြာသွားပြီဗျာ။ အဲဒါနဲ့ဘဲ အခု  ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ ကိုတွေ့လို့ တင်ပေးလိုက်ပါ
တယ်ဗျာ။ဒီ Post ကိုလည်း မူရင်းရေးသားသူကို ကျွန်တော်မသိရှိတဲ့အတွက် Credit မပေးနိုင်တာကို ခွင့်
လွတ်နားလည်စေချင်ပါတယ်ဗျာ။ ကျွန်တော်ရှာတွေ့ခဲ့တဲ့ Link လေးကိုဘဲညွန်ပေးလိုက်ပါတယ်။ ဒီဆိုဒ်
ကနေတွေ့တာပါဗျာ။

Saturday, 28 July 2012

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်


ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်၌ အင်တာနက် အသုံးပြုနိုင်တော့မည်

ငါးရာ့ငါးဆယ်အနှစ်ချုပ်

ငါးရာ့ငါးဆယ်အနှစ်ချုပ်(ဥိးအောင်ညွှန့်ဝင်း)

လောကနီတိ-အင်္ဂလိပ်-မြန်မာ

လောကနီတိ-အင်္ဂလိပ်-မြန်မာ
laylwintnaythurkt.blogspot.com -ရတနာပုံမှ ရတနာဂီရိသို့

Friday, 20 July 2012

မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြလိုက်ရင် တပုံကြီးပါလာတယ်


@@@ကိုယ့်ချစ်သူရဲ့ ဓါတ်ပုံလေးကို ခုလိုမျက်စိမှိတ်ပြတဲ့ ပုံလေးလုပ်ကြည့်ကြမယ်@@@


*** အရင်ဆုံး Photoshop CS တစ်ခုခုကိုဖွင့်လိုက်ပါ။ ကျနော်ကတော့ CS5 နဲ့လုပ်ပြသွားပါမယ်။
     မိမိလုပ်ချင်တဲ့ ပုံတစ်ပုံကို File > Open ကနေ အခုလိုယူလိုက်ပါ။ (Ctrl+O) ကိုနှိပ်ရင်လည်းရပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း (သမိုင်းဝင် မိန့်ခွန်း)

၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် မြို့တော်ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောကြားနေစဉ် ဦးနုနှင့်အတူ တွေ့ရသည်

စစ်မဖြစ်မှီကရန်ကုန်မြို့မြေပုံ

အဲဒီတုံးကလမ်းအခေါ်အဝေါ်တွေကိုလေ့လာနိုင်ပါတယ်။ပုံမှာမြင်ရတဲ့ရန်ကုန်ဗဟိုအကျဉ်းထောင်ကြီးကိုတော့ယခုအခါမှာ ပြည်လမ်းကနှစ်ပိုင်းပိုင်းကာ ဂျပန်ဆေးရုံကြီးဖြစ်နေပါပြီ


1945 မြို့တော်ခန်းမရှေ့ အင်္ဂလိပ်တပ်များရန်ကုန်ကိုပြန်သိမ်းပိုက်အပြီး။

1945 မြို့တော်ခန်းမရှေ့ အင်္ဂလိပ်တပ်များရန်ကုန်ကိုပြန်သိမ်းပိုက်အပြီး။
မြို့တော်ခမ်းမရှေ့တွင် အောင်ပွဲခံလေယာဉ်များနှင့်အတူရန်ကုန်မြို့ခံများအားတွေ့ရစဉ်။ပုံရဲ့ဟိုးအနောက်နားမှာပန်းဆိုးတန်းကကြေးနန်းရုံးကြီးကိုပင်မြင်နိုင်ပါသည်။


၇ ဂျူလိုင် ၁၉၆၂

၇ ဂျူလိုင် ၁၉၆၂ နေဝင်းတပ်များ ကျောင်းသားများအား မသတ်ဖြတ်ခင် တက္ကသိုလ်ဝင်းထရံ ပတ်လည် ရေနုတ်မြောင်းတလျှောက် နေရာယူထားပုံ 

ဂဠုန်ဦးစော ရဲ့တပ်သားများ ချင်းနင်းဝင်ရောက်လာခဲ့ရာလှေကားပုံ။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုပ်ကြံရန် ဂဠုန်ဦးစော ရဲ့တပ်သားများ ချင်းနင်းဝင်ရောက်လာခဲ့ရာလှေကားပုံ။
ဤလှေကားထိပ်မှာပင် အာဇာနည်တဦးဖြစ်တဲ့ ရဲဘော်ကိုထွေး ကျဆုံးခဲ့ရသည်။ မကျဆုံးမီလေးတွင် လုပ်ကြံသူ ရန်ကြီးအောင်နှင့် မှုံကြီးတို့အား "လုပ်ရက်လိုက်တာ သူငယ်ချင်းတို့ရာ" ဟူ၍သာ ပြောသွားနိုင်ရှာသည်။ ဦးရာဇာတ်၏သတ်တော်စောင့်ရဲဘော်ကိုထွေးသည် လုပ်ကြံသူတရားခံများက ခေါင်းဆောင်ကြီးများအားလုပ်ကြံအပြီးဤလှေကားမှပြန်အဆင်း တွင် သေနတ်သံများကြားရ၍လှေကားထိပ်အခန်းတခုတွင်နားနေရာမှ လုပ်ကြံသူများနောက်ကိုပြေးလိုက်သွားရာတွင် အောက်မှနေ၍အပေါ်သို့ပင်ကာ တော်မီဂန်းနှင့်အပစ်ခံလိုက်ရခြင်းဖြစ်သည်။မိမိ၏အသက်ဘေးမှလွတ်မြောက်နိုင်သော်လည်း တာဝန်နှင့်မိမိအသက်ကိုလဲသွားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင် ဇာတိရဲဘော်ကိုထွေးသည် ကျဆုံးချိန်တွင် အသက် ၁၉နှစ်သာရှိသေးသည်။


Thursday, 19 July 2012

ဒေါ်ခင်ကြည်၏ နေရာတွင် သရုပ်ဆောင်ရန် (၄) ဦး ပဏာမရွေးချယ်

ဒေါ်ခင်ကြည်၏ နေရာတွင် သရုပ်ဆောင်ရန် (၄) ဦး ပဏာမရွေးချယ် ထားပါသည်။

အာဇာနည်နေ့ ဆွမ်းကပ်လှူဒါန်း

ယနေ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့   အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက် ရေးရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်းကြီးများအား ရည်စူး၍ သံဃာတော်(၃)အား ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူဒါန်းခြင်း၊ သင်္ကန်းကပ်လှူခြင်း၊ အမျှအတန်းပေးဝေခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဗိုလ်ချုပ်ေ အာင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး  အဖွဲ့မှ ဦးမိုးသူ ၊ ဦးမော်လင်း၊ ဦးဇာဂနာ ၊ ဦးအရိုင်း၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ မအိအိခိုင်၊ မထွန်းအိန္ဒြာဗို၊ မကြည်ဖြူသျှင် တို့ စုပေါင်း၍ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။


ပဏာမရွေးချယ် ထားသူ များနှင့် တွေ့ဆုံ

ယနေ့ ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၈ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၇)ဦး ၊ ဒေါ်ခင်ကြည်၏နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၄)ဦး တို့ကို သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ မှ ခေါ်ယူ၍ တွေ့ဆုံ ခဲ့ကြပါသည် ။ နောက်ဆုံး ရွေးချယ်ပွဲကို ၂၀၁၂ခုနှစ် ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ကျင်းပမည် ဖြစ်ပါသည် ။ ရွေးချယ်ပွဲအပြီး နေ့လည် ၁၂ နာရီတွင် ရွေးချယ်ခံသည့် သရုပ်ဆောင်များနှင့် သတင်းစာရှင်းလင်းပွဲ ကို အမှတ် ၁၀၁-ဘီ၊ ဓမ္မစေတီလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း တွင် ကျင်းပပြုလုပ်ပေးမည်ဖြစ်ပါသည် ။


ဇွန် ၁၉ ရက် - Oxford University မှာ ဒေါ်အောင်ဆန်းစုကြည် က သူငယ်ချင်းဟောင်းများ နဲ့ ပြန်လည်တွေ့ဆုံ ခဲ့ရပါတယ်


နေပြည်တော် မြန်မာလွှတ်တော် အဆောက်အအုံ အပြင်မြင်ကွင်း တစ်ခု


၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်


၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဂါရဝပြုစဉ်


၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီးများ

စဉ်     အမည် ရာထူး
ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇)             ၀န်ကြီးချုပ်
သခင်မြ(၁၈၉၇-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
ဦးဘချို(၁၈၉၄-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
ဦးရာဇာတ်(၁၈၉၈-၁၉၄၇) ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန၀န်ကြီး
ဦးဘ၀င်း(၁၉၀၁-၁၉၄၇) ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
မန်းဘခိုင်(၁၉၀၃-၁၉၄၇) စက်မှုလက်မှုနှင့် အလုပ်သမား ၀န်ကြီးဌာန၀န်ကြီး
မိုင်းပွန်စော်ဘွား စ၀်စံထွန်း(၁၉၀၇-၁၉၄၇) အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီး
ဦးအုန်းမောင်(၁၉၁၃-၁၉၄၇) လမ်းပန်းဆက်သွယ်ရေး ဌာနအတွင်းဝန်
ရဲဘော်ကိုထွေး(၁၉၂၉-၁၉၄၇)                    ပညာရေးဝန်ကြီး၏ သက်တော်စောင့်

ကိုးကား။         ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ အတ္ထုပ္ပတ္တိ စာစောင် (၁၉၇၁)၊၂၀ ရာစု မြန်မာ့သမိုင်းကို ပြောပြနေသောနေ့စွဲများ စာအုပ်။

၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့တက်ရောက်လာသော သံရုံးအသီးသီးမှာ သံအမတ်များ ဝင်ရောက်လာစဉ်






မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်းကြပ်စွာစောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်