လေလွင့်နေသူ ဘလော့သို့ အလည်ရောက်ရှိလာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday 27 April 2013

ချစ်သူ သာဓုခေါ်နိုင်ဇီ ( ရခိုင်ကဗျာ)

အပြုံးနန့် ကမ်းခရေ လက်ကို
အရှူံးဆု ပီးအပ်တေပြောဖို့
ကို့မာ အားမဟိပါ ချစ်သူ….။

မင်းမဟိရေ မြို့ပြညဉ့်အလှတိက
ကို့ဘ၀ကို တောက်ပနိုင်ဖို့ မထင်
ရင်ကွဲခံဗျာလ် တောပြန်ထွက်လိုက်မေ
ရသေ့ ဘ၀နန့်တော့ မဟုတ်ပါ ချစ်သူ….။

ကွဲအက် စုတ်ပြတ်လီဖို့
နှလုံးသွီးတစက်
မင်းရင်ကို မဖောက်ထွက်နိုင်ခကေလေ့
အဖပြည်အတွက် ပီးဆပ်လိုက်မေ
ချစ်သူ သာဓု ခေါ်နိုင်ဇီ….။
Free4waddy

Friday 26 April 2013

ဖုန်းအချင်း ဖိုင်ပို့သူတွေအတွက် bluetooth ထက် ၁၀-ဆလောက်မြန်တဲ့ zapya(Update) 6Mb

zapya အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် နောက်ဆုံး Update လေးပါ
ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ်ဗျာ… 
သူက wifi connection ကိုသုံးထားတာပါ… zapya ကိုသုံးဖို့အတွက် သုံးမဲ့စက်အားလုံးမှာ
 zapya တင်ထားဖို့တော့လိုပါတယ်… wifi သုံးထားတဲ့အတွက် network တစ်ခုဖန်တီးပြီး
 အလုံးများစွာ ချိတ်ဆက်လို့ရပါတယ်… 

Sunday 14 April 2013

ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ပတ်သတ်ပြီး သိသမျှ

ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင် မွေးဖွားခဲ့သည်။ တရုပ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေဝင်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိသဘောကျ သွားသဖြင့် အနားသို့ ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲတပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂၅) ကို တက်ရောက်ကာ ရာထူးအလွန်အတက်မြန်သဖြင့် အများကပင် အံ့အားသင့်ခဲ့ရသည်။ ဦးနေဝင်း၏သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံ့ရေးမျိုး ရှိခဲ့ကြသည်။ (မကြီး၊ မမ ဟုပင် ရင်းနှီးစွာခေါ်ဝေါ်သည်ဟု ကြားဖူးသူတို့က ဆိုကြသည်။)

Friday 12 April 2013

Android ဖုန်းမှ 3G Network ကို Computer တွင် အသုံးပြုနည်း

Android Phone နဲ့ အင်တာနက် အသုံးပြုရတာကို အားမရပဲ ဖုန်းမှ 3G Network (အင်တာနက်) ကို Computer ပေါ်တွင် ချိတ်ဆက်အသုံးပြုချင်သူတွေအတွက် Android ဖုန်းမှ Wi-Fi လွှင့်ပြီး သုံးတဲ့နည်းကို တင်ပေးလိုက်ပါတယ်။ ဒီနည်းနဲ့ အသုံးပြုဖို့အတွက် မိမိဖုန်းရဲ့ Android Version ဟာ 2.2 သို့မဟုတ် 2.2 ရဲ့အထက် ရှိဖို့လိုအပ်ပါတယ် Android Version ကို သိနိုင်ရန် (Phone Setting > About Phone > Android Version) မှာ ကြည့်နိုင်ပါတယ်။

Wednesday 10 April 2013

သာသနာတော် ၂၅၀၀

Ref>>>>>ခေတ်လူငယ်

လက်ရှိအသုံးပြုနေသည့် CDMA 800 MHz ဖုန်းများ ထပ်မံချထားပေးမည့် တစ်ထောင့်ငါရာ CDMA 800 MHz ဖုန်းကွန်ရက်မျာအတွင်း Roaming သုံးစွဲခွင့် ရရှိမည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ “အခုလုပ်ထားတဲ့စနစ်နဲ့ အရင်လုပ်ထားတဲ့ CDMA 800MHz စနစ် မတူပါဘူး။ ဒါကြောင့် အရင် CDMA 800MHz ဖုန်းတွေ လက်ရှိအသုံးပြုနိုင်တဲ့ နယ်မြေတွေမှာပဲ အသုံးပြုနိုင်မှာပါ။ တစ်ထောင့်ငါးရာ CDMA 800MHz Roaming ထဲမှာ သွားသုံးလို့ မရပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ လက်ရှိတွင် နိုင်ငံတော် အစိုးရမှ ကျပ်တစ်ထောင့်ငါးရာ CDMA 800MHz ဖုန်းများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှ လွဲ၍ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုလ ၂၄ ရက်မှစ၍ ရောင်းချပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။ ယင်းကြောင့် ကျပ်တစ်ထောင့် ငါးရာ CDMA 800MHz ဖုန်း အသုံးပြုနိုင်မည့် ဧရိယာမှာ တစ်နိုင်ငံလုံးနီးပါး အသုံးပြုနိုင်မည်ဖြစ်သော်လည်း ယခင်ရောင်းချခဲ့သော ကျပ်ငါးသိန်း၊ ကျပ်နှစ်သိန်းခွဲဖုန်းများမှာမူ အထက်ပါ တစ်ထောင်ငါးရာ ဖုန်းကဲ့သို့ အသုံးပြုခွင့် ရရှိမည်မဟုတ်ဟု သိရသည်။ “အခုရောင်းမယ့် ဖုန်းတွေက အရင် MEC က လုပ်နေတဲ့ ဖုန်းတွေပါ။ ဒါကို ဆက်သွယ်ရေးက တာဝန်ယူ ဆောင်ရွက်ပေးတာပါ။ ရောင်းတဲ့ အပိုင်းကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရပဲ လုပ်မှာပါ။ အကူအညီတောင်းမှသာ ဆက်သွယ်ရေးက ရောင်းပေးမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ယင်းကြောင့် လက်ရှိ CDMA 800MHz ဖုန်း ကိုင်ဆောင်သူ အများစုမှာ ဈေးကြီးပေးဝယ်ယူထားပြီး နယ်မြေ ကန့်သတ်ချက်ဖြင့် အသုံးပြုနေရသည့်အတွက် ကျေနပ်မှု မရှိကြပေ။ “အဓိပ္ပာယ် မရှိတာ၊ ငါးသိန်း တန်ဖုန်းက ထောင့်ငါးရာတန် ဖုန်းလောက် နယ်မြေသယ်ဆောင် အသုံးပြုခွင့် မရဘူးဆိုတာ ဘယ်လို အစီအစဉ်နဲ့ လုပ်မှန်းမသိဘူး။ ဒီဖုန်းတွေ ထပ်မထုတ်တော့လို့ နယ်မြေတိုးချဲ့ သုံးစွဲခွင့် မရဘူးဆိုတာ လက်ခံနိုင်ပါသေးတယ်။ အခုတော့ နယ်မြေတိုးချဲ့ ထားတာ တစ်နိုင်ငံလုံးနီးပါး ဖြစ်နေတာတောင် သုံးစွဲခွင့် မပေးတာကတော့ လုံးဝမတရားပါဘူး” ဟု ကျပ်ငါးသိန်း CDMA 800MHz ဖုန်းကိုင်ဆောင်သူ ပဲခူးမြို့မှ မဝင်းမော်က ပြောသည်။ လက်ရှိတွင် ရောင်းချထားသည့် CDMA 800MHz ဖုန်းများ သယ်ဆောင် အသုံးပြုနိုင်သည့် မြို့များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်၊ မော်လမြိုင်၊ ပြည် ၊ စစ်ကိုင်း စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီးများသာ အသုံးပြုနိုင်ပြီး မြို့ငယ်အချို့တွင် သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးသိန်းတန် CDMA 800MHz ဖုန်းများကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် လည်းကောင်း၊ ကျပ်နှစ်သိန်းခွဲ CDMA 800MHz ကို ၂၀၁၂ ခုနှစ် ဧပြီလတွင် လည်းကောင်း ရောင်းချပေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Ref>>>>>ခေတ်လူငယ်

ကွန်ပျူတာ ဗိုင်းရပ်စ်ကာကွယ်နည်း

ရခိုင်ဘာသာစကားလမ်းညွှန်


Windows 8 အသုံးပြုနည်း


၁၉၈၈-၂၀၀၂ မြန်မာနိုင်ငံရေးဖြစ်စဉ် ထူးခြားရက်စွဲများ