Samsung galaxy tab2 မှာ Move ဆိုတာရှာမတွေ့လို့ ဖိုင်တွေကို
SD Card ထဲသို့မရွေ့တတ်ဘူးဖြစ်နေလို့ ဆိုပြီး CBox မှာမေးထားတာလေးပါ။
*** အရင်ဆုံး
SD Card ထဲသွားပြီး File တစ်ခုဆောက်လိုက်ပါ။ Video ဆို Video, Photo ဆို Photo, Music ဆို
Music ပေါ့ နော်။ ကျနော်ကတော့ Video ကိုရွေ့ပြမှာဖြစ်လို့ Movies ဆိုပြီး File တစ်ခုဆောက်လိုက်ပါတယ်။
ပြီးရင် မိမိရွေ့ချင်တဲ့ ဖိုင်ဆီကိုသွားလိုက်ပါ။ မိမိရွေ့ချင်တဲ့ ဖိုင်က Bluetooth
ထဲမှာဆိုရင် Bluetooth ကိုသွားလိုက်ပါ။ Download ထဲမှာဆိုရင် Download ကိုသွားလိုက်ပါ။
ကျနော်ကတော့ Download ထဲကိုသွားလိုက်ပါတယ်။ အနီရောင်နဲ့ ပြထားတဲ့ Download ထဲက
Video တွေကိုရွေ့မှာဆိုတော့ အစိမ်းရောင်နဲ့ပြထားတဲ့ နေရာကိုကြည့်လိုက်တဲ့အခါ ခုနားက
ဆောက်ထားတဲ့ Movies ဆိုတဲ့ ဖိုင်ကိုမတွေ့ဘူး။ အောက်ကပုံကိုကြည့်လိုက်ပါ။