လေလွင့်နေသူ ဘလော့သို့ အလည်ရောက်ရှိလာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Wednesday, 10 April 2013

Ref>>>>>ခေတ်လူငယ်

လက်ရှိအသုံးပြုနေသည့် CDMA 800 MHz ဖုန်းများ ထပ်မံချထားပေးမည့် တစ်ထောင့်ငါရာ CDMA 800 MHz ဖုန်းကွန်ရက်မျာအတွင်း Roaming သုံးစွဲခွင့် ရရှိမည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ “အခုလုပ်ထားတဲ့စနစ်နဲ့ အရင်လုပ်ထားတဲ့ CDMA 800MHz စနစ် မတူပါဘူး။ ဒါကြောင့် အရင် CDMA 800MHz ဖုန်းတွေ လက်ရှိအသုံးပြုနိုင်တဲ့ နယ်မြေတွေမှာပဲ အသုံးပြုနိုင်မှာပါ။ တစ်ထောင့်ငါးရာ CDMA 800MHz Roaming ထဲမှာ သွားသုံးလို့ မရပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ လက်ရှိတွင် နိုင်ငံတော် အစိုးရမှ ကျပ်တစ်ထောင့်ငါးရာ CDMA 800MHz ဖုန်းများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှ လွဲ၍ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုလ ၂၄ ရက်မှစ၍ ရောင်းချပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။ ယင်းကြောင့် ကျပ်တစ်ထောင့် ငါးရာ CDMA 800MHz ဖုန်း အသုံးပြုနိုင်မည့် ဧရိယာမှာ တစ်နိုင်ငံလုံးနီးပါး အသုံးပြုနိုင်မည်ဖြစ်သော်လည်း ယခင်ရောင်းချခဲ့သော ကျပ်ငါးသိန်း၊ ကျပ်နှစ်သိန်းခွဲဖုန်းများမှာမူ အထက်ပါ တစ်ထောင်ငါးရာ ဖုန်းကဲ့သို့ အသုံးပြုခွင့် ရရှိမည်မဟုတ်ဟု သိရသည်။ “အခုရောင်းမယ့် ဖုန်းတွေက အရင် MEC က လုပ်နေတဲ့ ဖုန်းတွေပါ။ ဒါကို ဆက်သွယ်ရေးက တာဝန်ယူ ဆောင်ရွက်ပေးတာပါ။ ရောင်းတဲ့ အပိုင်းကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရပဲ လုပ်မှာပါ။ အကူအညီတောင်းမှသာ ဆက်သွယ်ရေးက ရောင်းပေးမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ယင်းကြောင့် လက်ရှိ CDMA 800MHz ဖုန်း ကိုင်ဆောင်သူ အများစုမှာ ဈေးကြီးပေးဝယ်ယူထားပြီး နယ်မြေ ကန့်သတ်ချက်ဖြင့် အသုံးပြုနေရသည့်အတွက် ကျေနပ်မှု မရှိကြပေ။ “အဓိပ္ပာယ် မရှိတာ၊ ငါးသိန်း တန်ဖုန်းက ထောင့်ငါးရာတန် ဖုန်းလောက် နယ်မြေသယ်ဆောင် အသုံးပြုခွင့် မရဘူးဆိုတာ ဘယ်လို အစီအစဉ်နဲ့ လုပ်မှန်းမသိဘူး။ ဒီဖုန်းတွေ ထပ်မထုတ်တော့လို့ နယ်မြေတိုးချဲ့ သုံးစွဲခွင့် မရဘူးဆိုတာ လက်ခံနိုင်ပါသေးတယ်။ အခုတော့ နယ်မြေတိုးချဲ့ ထားတာ တစ်နိုင်ငံလုံးနီးပါး ဖြစ်နေတာတောင် သုံးစွဲခွင့် မပေးတာကတော့ လုံးဝမတရားပါဘူး” ဟု ကျပ်ငါးသိန်း CDMA 800MHz ဖုန်းကိုင်ဆောင်သူ ပဲခူးမြို့မှ မဝင်းမော်က ပြောသည်။ လက်ရှိတွင် ရောင်းချထားသည့် CDMA 800MHz ဖုန်းများ သယ်ဆောင် အသုံးပြုနိုင်သည့် မြို့များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်၊ မော်လမြိုင်၊ ပြည် ၊ စစ်ကိုင်း စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီးများသာ အသုံးပြုနိုင်ပြီး မြို့ငယ်အချို့တွင် သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးသိန်းတန် CDMA 800MHz ဖုန်းများကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် လည်းကောင်း၊ ကျပ်နှစ်သိန်းခွဲ CDMA 800MHz ကို ၂၀၁၂ ခုနှစ် ဧပြီလတွင် လည်းကောင်း ရောင်းချပေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Ref>>>>>ခေတ်လူငယ်

Sunday, 17 March 2013

Samsung Galaxy S4


Samsung Galaxy S4

မနက်အစောက S4 ထွက်ကြောင်းတင်ပြီတဲ့နောက်မှာ အချက်အလက် စုံလက်စွာသိရှိစေရန် ထပ်မံဖြည့်စွက်ကာတင်ပေးလိုက်ပါတယ်
အောက်မှာ Specificationsအပြည့်အစုံဖော်ပြပေးထားပါတယ် Galaxy S4ဟာ S3 နဲ့ပုံစံသိပ်ကွဲမထွက်ဘဲနဲ့ အနည်းငယ်ကြီးသွားတာဘဲ ကွာပါတယ်
ဒါပေမဲ့ features အသစ်များစွာ နဲ့ စွဲမက်ဖွယ်ကောင်းတာကတော့အမှန်ပါဘဲ သတိပြုစရာတစ်ချက်ကတော့ Processor မှာ နှစ်မျိုးကွဲနေပြီး
Exynos octa-core 1.6GHz နဲ့Qualcomm snapdragon 600quard-core ဆိုပြီးရောင်းချမဲ့ဒေသပေါ်မူတည် ပြီးခွဲခြားဖြန့်ချိသွားမှာဖြစ်ပါတယ်


Tuesday, 4 September 2012

TechSpace Journal

 
မနက်ဖြန် ၅ရက် စက်တင်ဘာတွင် ထွက်မည့် TechSpace Journal Issue 24 ကို အွန်လိုင်းမှာ ဖတ်ချင်တယ် ဆိုရင် ဒီနေရာကို သွားလိုက်ပါ။

Sunday, 19 August 2012

နိုင်ငံခြားသားများမြန်မာစကားအသံထွက်လွယ်စေမယ့် MMSpeaker

3133-mmspeaker-01
နိုင်ငံခြားသားများအနေဖြင့် မြန်မာအမည်များအား English လို စာလုံးပေါင်း၍ application အတွင်းသို့ ရိုက်ထည့်လိုက်ရုံဖြင့် မြန်မာအသံထွက်ကို ကြားရနိုင်စေမယ့် MM Speaker ဟု အမည်ပေးထားသော iPhone / iPad App တစ်ခုကို စင်္ကာပူနိုင်ငံရောက် မြန်မာလူငယ် နှစ်ဦးက ရေးသား ထုတ်လုပ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ App ကို စင်္ကာပူနိုင်ငံ Nanyang Technologyical University တွင် Electrical and Electronic Engineering (InfoCom) ဘာသာရပ်ဖြင့် တက်ရောက် ပညာသင်ကြားနေသော ကိုခန့်သူလင်းနှင့် Kenwood Electronics Technologies (S) Pte. Ltd. တွင် Software Engineering Assistant အဖြစ် တာဝန် ထမ်းဆောင်နေသော မယမင်းဥမ္မာတို့ နှစ်ဦး ပူးတွဲ တည်ထောင်ထားသည့် K & Y Innovation မှ ရေးသား ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။