Saturday, 4 May 2013
Friday, 3 May 2013
Wednesday, 10 April 2013
Thursday, 28 March 2013
Friday, 22 March 2013
Saturday, 16 March 2013
Tuesday, 30 October 2012
(သမိုင်းကြောင်းကိုလေ့လာစီချင်သည်)
ရခိုင်ကမ်းမြောင်ဒေသသည် ဘင်္ဂလားပင်လယ်အောင်နှင့်
ဆက်စပ်လျက်ဟိပြီး၊ ပင်လယ်လှိုင်းကြီးလှိုင်းငယ်ရို့သည် ကမ်းသောင်နဖူးသို့
တဘုန်းဘုန်းရိုက်ခတ်လျက်ဟိသည်။ ရခိုင်ကုန်းတွင်းဒေသတွင်
မြစ်ချောင်းအင်းအိုင် အလွန်ပေါများပြီး မြစ်ချောင်းများသည် ပင်လယ်ထဲသို့
စီးဝင်သည်။ မြောက်ပိုင်းရှိ (နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊
လေးမြို့မြစ်) များတွင် မြစ်လက်တက်ပေါင်းများစွာဟိသည်။ တောင်ဘက်၌ မြစ်တို၊
ချောင်းတိုများသည် အရှိမှအနောက်သို့ စီးဆင်းသည်။
ထင်ရှားသောမြစ်ချောင်းများမှာ (ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ လမူးချောင်း၊ ဆားပြင်ချောင်း၊ တန်းလွဲချောင်း၊ တောင်ကုတ်ချောင်း၊ သဌေးချောင်း၊ ပြည့်ချောင်း၊ သံတွဲမြစ်၊ ကျိန်တလီချောင်းနှင့် ဂွချောင်း) ရို့ဖြစ်သည်။ ရခိုင်မြစ်ချောင်းများတွင် ဖြားရီအတက်အကျဟိသည်။ ဖြားအတက်တွင် ပင်လယ်ငါးများသည် ကုန်းတွင်း မြစ်ချောင်းများသို့ ဒိုးယိုပေါက်ဝင်ရောက်၍ ရခိုင်ပြည်တွင် သားငါးပုဇွန်အလွန်ပေါများသည်။
ရှုတိုင်းသာစွ ရခိုင်မြီ
ကဗျာဆရာရို့က ရခိုင်ဒေသကို “ရိုးမတောင်ဆိုင်း၊ ပင်လယ်ဝိုင်း၍၊ ရှုတိုင်းသာစွ၊ ရခိုင်မြီ” ဟူ၍လည်းကောင်း။ “မြီပြင်ကျယ်ဝင်း၊ လယ်ယာခင်းနှင့်၊ အင်းအိုင်မြစ်ချောင်း၊ ပင်လယ်ကြောင်းနှင့်” ဟူ၍လည်းကောင်း။ “ကျယ်ပြန့်လှစွာ၊ ကျွန်းဦးမြီမှာ၊ သပြီခလို့၊ ရောင်မြ၀ီဝီ၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗုဒီမှာ၊ သညီဝေါဟာ၊ ထောပနာနှင့်၊ သြဘာသောင်းသောင်း၊ သတင်းပေါ်၍၊ နင်းကျော်ဘိကေ၊ သရီချောင်းတွင်၊ မင်းကောင်းကြိမ်ဖန်၊ ဗဟိုရ်ညံ၍၊ စည်သံရိုက်ဟီး၊ ရွှေနန်းဆောင်ဖြင့်၊ ပြောင်ပြောင်ညီးကေ၊ မြို့ကြီးဓညာ” စသည်ဖြင့်လည်းကောင်း စာဖွဲ့ဆိုထားကြပါသည်။

Friday, 12 October 2012
Thursday, 23 August 2012
Monday, 20 August 2012
Thursday, 16 August 2012
Saturday, 28 July 2012
Subscribe to:
Posts (Atom)