ခင်မမမျိုး
မတ်လ ၁၇၊ ၂၀၁၃
ဖေ့ဘွတ်၊ ဘလော့၊ တွစ်တာ စတဲ့ social media တွေရဲ့ လူအများအပေါ်
အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး၊ ပညာရှင်အချို့က သုတေသန
ပြုလုပ်ခဲ့ကြရာမှာ မှတ်ချက် (comment) တွေကြောင့် စိတ်ကျရောဂါ ဖြစ်တာတွေ၊
စိတ်ဆင်းရဲမှုဖြစ်တာတွေက အစပြုလို့ နောက်ဆုံး မိမိကိုယ်ကို
အဆုံးစီရင်လိုက်တဲ့ အထိ ဖြစ်သွားတာတွေ ရှိခဲ့ကြောင်း
လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီသုတေသန စာတမ်းကို ဖတ်ရတော့ ဒီလောက်တောင်ပဲ
ဆိုးဝါးသလားလို့ သံသယ၀င်ခဲ့မိပါတယ်။ အွန်လိုင်း စာမျက်နှာ အသာထားလို့၊
ပြင်ပကမ္ဘာမှာတင် လောကဓံတရားမျိုးစုံရဲ့ ဒဏ်ကို အေးဆေးတည်ငြိမ်စွာ
ကျော်ဖြတ်လာခဲ့ပြီးပြီမို့၊ social media က မှတ်ချက်လေးတွေက ကျွန်မရဲ့
စိတ်ကို တစုံတရာ ထိခိုက်စေမှာ မဟုတ်ဘူးလို့လဲ ကိုယ့်ကိုကိုယ်
ယုံကြည်ထားခဲ့ပါတယ်။