လေလွင့်နေသူ ဘလော့သို့ အလည်ရောက်ရှိလာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Thursday 19 July 2012

ပဏာမရွေးချယ် ထားသူ များနှင့် တွေ့ဆုံ

ယနေ့ ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၈ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၇)ဦး ၊ ဒေါ်ခင်ကြည်၏နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၄)ဦး တို့ကို သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ မှ ခေါ်ယူ၍ တွေ့ဆုံ ခဲ့ကြပါသည် ။ နောက်ဆုံး ရွေးချယ်ပွဲကို ၂၀၁၂ခုနှစ် ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ကျင်းပမည် ဖြစ်ပါသည် ။ ရွေးချယ်ပွဲအပြီး နေ့လည် ၁၂ နာရီတွင် ရွေးချယ်ခံသည့် သရုပ်ဆောင်များနှင့် သတင်းစာရှင်းလင်းပွဲ ကို အမှတ် ၁၀၁-ဘီ၊ ဓမ္မစေတီလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း တွင် ကျင်းပပြုလုပ်ပေးမည်ဖြစ်ပါသည် ။


No comments:

Post a Comment

စာဖတ်သူရဲ့ Thank ဆိုသော စကားတစ်ခွန်းသည် နောက်ထပ်ပို့စ် တစ်ခုရေးရန်အတွက် အားဆေးတစ်ခွက် ဖြစ်ပါသည် .. ခင်မင်လေးစားစွာဖြင့် ..လေလွင့်နေသူ